မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ မြေတလိုင်းကျေးရွာကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းခွဲရာမှာ ထိခိုက်သေကြေမှုတွေရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ မြွေတလိုင်းကျေးရွာကို စီးနင်း တပ်စွဲထားတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ မိုင်းကွင်းထဲ ရောက်လာတာနဲ့တပြိုင်နက် မိုင်းခွဲခဲ့တာလို့ဒေသကာကွယ်ရေးတပ် တောကြီးမြွေပွေး အဖွဲ့ ထုတ်ပြန်ပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၉ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရသွားတယ်လို့လည်းအဲဒီအဖွဲ့က ဆိုထားပါတယ်။
မိုင်းခွဲ တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ အင်အား ၃၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ္တရာမြို့နယ် ၊ ဧရာဝတီကမ်းဘေးက ကျေးရွာအချို့မှာတပ်စွဲတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။
