မူဆယ်မြို့ ရှိ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ပိုင်မိုတယ်တစ်ခုအနီး ယနေ့နေ့လည်ပိုင်း ဗုံးပေါက်ကွဲခဲ့သည်။
မင်္ဂလာမူဆယ်အိမ်ယာနှင့် ဆင်ဖြူရှင်နယ်စပ်ဂိတ်ပေါက်နီးရှိ Top One Motel ရှေ့တွင် ယနေ့(နိုဝင်ဘာလ ၁၄ရက်) နေ့လည် ၁၂နာရီကျော်တွင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
” Top One Motel က မန်ပြိန်းပြည်သူ့စစ်အုပ်စုကပိုင်တာ။ အဲ့ဒီနားတင် သုံးလုံးပေါက်တာ” ဟုဒေသခံတစ်ဦးကပြောသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိမရှိကိုမူမသိရသေးပေ။အွန်လိုင်းတွင်ပျံ့နှံ့နေသောရုပ်သံဖိုင်တွင်ဗုံးတစ်လုံးကွဲပြီးနောက်မိုတယ်လုံခြုံရေးပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကလမ်းကျွန်းအ

နီးရှိ နောက်ထပ်ဗုံးတစ်ခုအနီးရပ်၍ ဆိုင်ကယ်စီး ဒေသခံများကို ရှင်းလင်းနေစဥ် ဗုံးထပ်ပေါက်သည်ကိုတွေ့ရသည်။ပေါက်ကွဲပြီးနောက် ပြည်သူနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ လမ်းဘေးသို့ ပြေးသွားသော်လည်း ထိခိုက်မှုရှိ၊မရှိကိုမူမသိရပေ။

ရုပ်သံဖိုင်တွင်ဗုံးပေါက်ကွဲသည်ကို ကြည်ရှု့ခဲ့သောပြည်သူတစ်ဦးက ဗုံးမှာ အားပျော့သောဗုံးဖြစ်နိုင်သည်ဟုသူ၏အမြင်ကိုပြောသည်။
မူဆယ်တွင်အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ ငါးဖွဲ့ မကရှိနေပြီး မကြာခဏလည်း ပစ်မှတ်ထားတိုက်ခိုက်ခံရလေ့ရှိသည်။

ပြီးခဲ့သည့်စက်တင်ဘာနှင့်သြဂုတ်လအတွင်းစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ သုံးကြိမ်တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးခဲ့သည်။စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များနှင့် Non CDM များကို တိုက်ခိုက်သွားမည်ဟု တော်လှန်ရေးအင်အားစုများကထုတ်ပြန်သတိပေးထားသည်။
