ချင်းပြည်နယ်မှ ဆေးခန်းတစ်ခုအတွက် ဆေးနှင့်စက်ပစ္စည်းများဝယ်ယူနိုင်ရန် Crochet အထည်များကို မဲလက်မှတ်ရောင်း၍ ရန်ပုံငွေရှာမည်ဟု ပိုင်ဖြိုးသုက အသိပေးထားသည်။
” လက်မှတ်ဈေးနှုန်းက ၁၀ USD ကိုနိုင်ငံအလိုက် exchange rate အတိုင်းရောင်းပါတယ်” ဟု ပိုင်ဖြိုးသုကပြောသည်။

“Crochet အထည်လေးတွေနဲ့ fundraising campaign လေးလာပါပြီရှင်.။ဒီတစ်ခေါက် campaign လေးရဲ့ရည်ရွယ်ချက်ကတော့ တောင်ဇလပ်မြေမှဆေးခန်းလေးတစ်ခုကိုupgradeလုပ်ဖို့ပဲဖြစ်ပါတယ်။လိုအပ်တဲ့ဆေးနဲ့စက်ပစ္စည်းလေးတွေကိုဝယ်ယူပြီး သုသုတို့ရဲ့ချင်းပြည်နယ်မှစစ်ဘေးရှောင်ပြည်သူတွေနဲ့အတူ မြေပြင်ကတိုက်ပွဲဝင်CDFသူရဲကောင်းတွေအတွက် အဆင့်အတန်းမီတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ပဲဖြစ်ပါတယ်” ဟု ၎င်းကရေးသားထားသည်။
ယခုအကြိမ်တွင် ပိုင်ဖြိုးသုကိုယ်တိုင် ဖန်တီးထားသည့် အိတ် နှစ်အိတ် နှင့် ဦးထုတ်၊ အင်္ကျီတစ်စုံ ပါဝင်မည်ဖြစ်ပြီး လိုအပ်သည့် ပမာဏရရှိသည်အထိ မဲလက်မှတ်များကိုရောင်းမည်ဟု ၎င်းကဆိုသည်။

” နိုင်ငံတကာမှသွေးချင်းများဝိုင်းဝန်းကူညီလှူဒါန်းပေးကြဖို့အတွက်တောင်းဆိုပါရစေ” ဟု ပိုင်ဖြိုးသုက တောင်းဆိုထားသည်။
လက်ရှိတွင် အမေရိကန် ၊ ဩစတေးလျ၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်နှင့် နော်ဝေ နိုင်ငံများမှဝယ်ယူနိုင်မည်ဖြစ်ပြီး ပြည်တွင်းမှ အားပေးလိုသူများအတွက် လာမည့်ရက်ပိုင်းအတွင်း ဝယ်ယူနိုင်ရန်စီစဉ်နေကြောင်း ၎င်းကဆိုသည်။
ပိုင်ဖြိုးသုက အာဏာသိမ်းသည့် အချိန်ကတည်းက ပြည်သူလူထုနှင့်အတူ တစ်သားတည်းရပ်တည်ခဲ့ပြီး ၎င်းကိုယ်တိုင်ဖန်တီးထားသည့်ပစ္စည်းများဖြင့် လိုအပ်သည့်နေရာများကိုလှူဒါန်းနိုင်ရန် ရန်ပုံငွေရှာဖွေပေးခဲ့သည်။
