စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင် စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိသော်လည်း ကားနှစ်စီး၊ဆိုင်လေးစီးနှင့်စစ်အသုံးအဆောင်များ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ကြောင်လက်သည်းပြည်သူ့ကာကွယ်ရေးတပ်တာဝန်ခံက ပြောသည်။
ယမန်နေ့(နိုဝင်ဘာ ၁၂ ရက်)မွန်းလဲပိုင်းကဝက်လက်မြို့နယ်၊ ရေသောက်ကန်နှင့် ပေါက်ကန်ရွာကြားတွင် စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်နှင့်ထိပ်တိုက်တွေ့ဆုံခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအထက်ပါတာဝန်ခံကပြောသည်။
လက်နက်အင်အားလူအင်အား မမျှတသဖြင့် ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း တိုက်ပွဲတွင်းအသုံးပြုနေသော ကား၂စီးနှင့်ဆိုင်ကယ် လေးစီးအား မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ခံက ပြောသည်။

“ပေါက်ကန်ဘက်ရောက်နေလို့ ကားနဲ့သွားထုဖို့ သွားတဲ့ချိန် ပြည်သူအသွင်ယူပြီးပစ်တာ။ လည်ပတ်အနီနဲ့ကောင်တွေက နောက်ထပ်ထပ်ရောက် လာပြီး စက်သေနတ်နဲ့ဆွဲပြီး RPGနဲ့ ထုတာ။ ကားပေါ်ကဆုံးရှုံးမှုတန်ဖိုး သိန်းနှစ်ရာလောက်ရှိတယ်။ စိန်ပြောင်းနဲ့ကျည် အမြောက်အများဆုံးရှုံးခဲ့တယ်။”ဟု ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သည် ဝက်လက်နယ်အရှေ့ခြမ်းရှိ ရှိမ်းမကားရွာအပါအဝင် ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူများ သေဆုံးထိခိုက်မှုရှိနေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။
