စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကင်းလှည့် PDFများနှင့် ကံကြီးကုန်းကျေးရွာပျူစောထီးများ ထိပ်တိုက်တွေ့ ပစ်ခတ်ခဲ့ကြရာ ပျူ သုံးဦးသေဆုံးကြောင်း Chaung U Local Defence Force (CLDF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (နိုဝင်ဘာ၁၂ ရက်)နံနက် ၁၁ နာရီခွဲခန့်က မဟာမိတ်ပူးပေါင်းအဖွဲ့များ၏ ရဲဘော်များက ကင်းလှည့်နေစဉ် ကံကြီးကုန်းကျေးရွာမှ ထွက်ခွာလာသော ပျူစောထီးများနှင့် ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း Chaung U Local Defence Force (CLDF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပျူစောထီး သုံးဦး သေဆုံးကြောင်း၊ ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း CLDF တာဝန်ခံက ပြောသည်။

ကံကြီးကုန်းကျေးရွာမှ ပျူစောထီးများနှင့် သူပစ် ကိုယ်ပစ် ရုပ်ရှင်ဆန်ဆန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက်ပေးခဲ့ရသော ပြည်သူများ၊ PDFများအတွက် လက်တုန့်ပြန်နိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် CRA တာဝန်ခံက ပြောသည်။

အဆိုပါစစ်ဆင်ရေးအား Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း နှင့် Chaung U Revolution Army (CRA) အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ ကံကြီးကုန်းကျေးရွာသည် ပျူစောထီးအင်အားကောင်းရာရွာတစ်ရွာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိသည်။
