▪︎ စစ်ကောင်စီသတ်မှတ်နှုန်းတောင်သူများအရှုံးပေါ်နိုင်ပြီးလာမည့်နှစ်စပါးစိုက်ပျိုးမှုလျော့နိုင်ဟုတောင်သူနှင့်လုပ်ငန်းရှင်အချို့ပြော
စပါးတင်းတစ်ရာလျင် ပြင်ပပေါက်ဈေးကျပ်၁၀သိန်းကျော်ရှိနေချိန်တွင် စစ်ကောင်စီကအခြေခံစပါးဈေးကိုကျပ် ၆၃၀,၀၀၀သာ သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်သည်။
အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊သဲ၊ခဲ ကင်းစင်ပြီး အရည်အသွေးစံညွန်းကိုက်ညီသည့် စပါးတင်း တစ်ရာ၏ အခြေခံရည်ညွန်းဈေးကို တင်း၁၀၀လျှင် ခြောက်သိန်းသုံးသောင်းကျပ်ဖြစ်သည်ဟု စစ်ကောင်စီက နိုဝင်ဘာ ၁၁ ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားငွေလဲနှုန်းမြင့်တက်ပြီးကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းကြောင့် စက်သုံးဆီ၊ ဓာတ်မြေဩဇာအပါအဝင် လး်ယာသုံးသွင်းအားစုများအဆမတန်မြင့်တက်ချိန်တွင် စစ်ကောင်စီက ယခုလို ပြင်ပပေါက်ဈေးထက် အဆမတန်ဈေးနှိမ့်ပြီး သတ်မှတ်လိုက်ခြင်းဖြစ်သည်။
“ဒီလထဲမှာ တင်း၁၀၀ ကို ဆယ်သိန်းကျော်ဝယ်နေတဲ့အချိန်မှာအခုလို၆သိန်းကျော်ပဲသတ်မှတ်ပေးတာတော်တော်လေးအဆင်မပြေဘူး။မြေဩဇာဈေး၊ ပိုးသတ်ဈေး ဒီလောက်ဈေးကြီးနေချိန်မှ စပါးဈေးကောင်းမရရင် နောက်နှစ်စိုက်ကျဖို့ အခက်အခဲဖြစ်လိမ့်မယ်”ဟု ဧရာဝတီတိုင်းမှ လယ်ပိုင်ရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီကမူစပါးစိုက်တောင်သူတွေသင့်တော်မျှတသော ဈေးနှုန်းနှင့်ဈေးကွက်ဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့ဈေးနှုန်းသတ်မှတ်ပေးခြင်းဖြစ်သည်ဟု အကြောင်းပြသည်။
စစ်ကောင်စီ၏ သတ်မှတ်ဈေးနှုန်းသည်တောင်သူများအတွက်အရှုံးပေါ်စေပြီး နောက်နှစ်များတွင်စိုက်ပျိုးနှုန်းလျော့နိုင်သည်ဟုပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
(စပါးရိတ်သိမ်းနေသော တောင်သူအချို့။ ။ဓါတ်ပုံ-ကမ္ဘာ့ဘဏ်)
