Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆက်ကြေးကောက်ပြန်လာသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDF မိုင်းဆွဲတိုက်ခိုက်

ထို့အပြင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ဆက်ကြေးကောက်ပြန်လာသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDF မိုင်းဆွဲတိုက်ခိုက်
ဆက်ကြေးကောက်ပြန်လာသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDF မိုင်းဆွဲတိုက်ခိုက်

ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(နိုဝင်ဘာ ၁၁) ထုတ်ပြန်သည်။

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ကျေးရွာမှ ဆက်ကြေးကောက်ပြန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြို့ကိုးပင်ရွာနှင့် ဝိုင်းကျေးရွာအကြားတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၅)က ယနေ့ နေ့လယ် ၂နာရီခွဲခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားသုံးဦး နေရာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အလားတူ နိုဝင်ဘာ ၄၊ ၅၊ ၆ နှင့် ၇ ရက်များတွင် တောင်ငူမြို့နယ် ဝက်ခေါက်စိန်ကျေးရွာအုပ်စု မြာကျေးရွာ၌ စစ်ကောင်စီ၏ ခလရ (၂၆) သံချပ်ကာ တပ်ရင်း၊ အမြောက်တပ်အင်အား(၇၀)ဦး ကျော်နှင့် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ -၃ ၊ ကျေးရွာ ‌ကာကွယ်ရေး(ပကဖ)တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။

ယင်း ထိတွေ့တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်ကျဆုံးမရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီက မြာကျေးရွာရှိ ပြည်သူပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် နိုဝင်ဘာ ၇ ရက်ကလည်း ကျောက်ပါးစပ်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သလို မန်ကျည်ပင်လယ်ကွင်းတွင်လည်း PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ(၁) ၊တပ်ခွဲ(၃)တို့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်သားလေးဦးသေ၍ ခုနစ်ဦး ဒဏ်ရာရသွားသည်ဟု ဆိုသည်။

၎င်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ MA3 ကျည်ဘောက်နှင့် 5.56 ကျည် (၂၇)တောင့်၊ ဓား ၊ဦးထုပ်တို့အပြင် မြာကျေးရွာမှ မီးရှို့ဖျက် ဆီး၍ ယူဆောင်လာသော ပြည်သူပိုင်ပစ္စည်းများကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့နယ်အဆင့် တရားသူကြီးအချို့အပါအဝင် တရားရေးဝန်ထမ်းတစ်ရာကျော်သာ CDM ပြုလုပ်ခဲ့သည်။ယခု​နောက်ပိုင်းတွင် စစ်​ကောင်စီလက်​အောက်ခံ တရားရးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုပိုများလာသည်။

သတင်း

နိုဝင်ဘာ ၃ရက်မှ ၇ရက်အထိ CJDC ရုံးချက်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် CJDC ပုံမှန်အစည်းအဝေးအပြီး ယနေ့ (နိုဝင်ဘာ ၁၁ရက်)တွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် အနီးကပ် ဖြတ်တိုက်ခံရသဖြင့် အကျဆုံးများကာ အထိနာခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ဗီဒီယို

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း သူဟာ သမ္မတ ဝီဒိုဒိုနဲ့ သဘောထား တူညီတယ်လို့ ဆိုပါတယ်။ မြန်မာ စစ်အာဏာပိုင်တွေဆီ ထင်ရှားတဲ့ သတင်းစကားမျိုး ပေးပို့ဖို့အတွက် အာဆီယံဟာ နောက်ထပ် ခြေလှမ်းသစ်တွေ လိုအပ်နေပြီလို့ ဝန်ကြီးချုပ် လီက ပြောပါတယ်။