ရန်ကုန်မြစ်အတွင်း စက်သုံးဆီတင် သင်္ဘောတစ်စင်း အချိန်၁နာရီကျော်ကြာမီးလောင်မှုဖြစ်ပွားခဲ့သည်။
ယနေ့(နိုဝင်ဘာ ၁၀ ရက်)နေ့လယ် ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော ဆီတင်သင်္ဘောမီးကို ညနေ၃ နာရီ ၅၃မိနစ်ခန့်မှသာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။



“အင်ဂျင်ခန်းက လောင်တာ မဟုတ်ဘူး။ဆီတွေထည့်ထားတဲ့ tankကနေ တိုက်ရိုက်လောင်တာလို့ပြောလို့ရတယ်။တ ခြားအသေး စိတ်တော့ ဌာနချုပ် မေးမှရမယ်”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သော ပုစွန်တောင်မြို့နယ်မီးသတ်စခန်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
အဆိုပါ မီးလောင်ခဲ့သည့် စက်သုံးဆီရေယာဥ်သည် စစ်ကောင်စီတပ်အတွက် ဆီသယ်လာသည့်သင်္ဘောဟု သတင်းထွက်ပေါ်နေသောလည်း သီးခြားအတည်မပြုနိုင်သေးပေ။
