ဆူပူအောင်လှုံဆော်မှု နဲ့ ထောင်ဒဏ် ၂ နှစ်ချထားတဲ့ မန္တလေးတိုင်းအစိုးရ သယံဇာတဝန်ကြီး ဦးမျိုးသစ် ကို ဒီနေ့မှာ အိုးဘိုထောင်ကနေ စစ်ကောင်စီကပြန်လွှတ်ပေးလိုက်ပါတယ်။
စစ်ကောင်စီဟာ ဝန်ကြီးဦးမျိုးသစ်ကို CDM လှုပ်ရှားမှု လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထောင်ချခဲ့တာပါ။
ပြစ်ဒဏ်ချခံရပြီး ၂ နှစ်ပြည့်ခါနီးမှာ ပြန်လွတ်မြောက်လာတာလည်းဖြစ်ပါတယ်။
ဝန်ကြီး ဦးမျိုးသစ်နဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးကလည်း” ဟုတ်ပါတယ်။ ဆရာပြန်လွတ်လာပါပြီ” လို့အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီဟာ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဒေါက်တာစိုးသန်းကိုလည်းပြန်လွှတ်ပေးခဲ့တာရှိပါတယ်။
ဒါပေမယ့် မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကိုတော့ လွတ်ရက်စေ့ခါနီးမှာ ပုဒ်မထပ်တိုးပြီး စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားပါတယ်။
