စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင် (၈)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မြွေကိုက်ခံရပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်းဒေသခံများက ပြောသည်။
နိုဝင်ဘာ ၈ ရက်ည ၇နာရီ ၄၅ မိနစ်ခန့်က ဝက်လက် မြို့နယ်တစ်နေရာတွင် စစ်ဘေးရှောင်နေသော ဟန်လင်းမြို့ဟောင်း၊ ထနောင်းကုန်းရပ်ကွက် မှ (၈)နှစ် မိန်းကလေးငယ်မှာ ဘက်ဘက်လက်ညှိုး မြွေပွေးကိုက်ခံရပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ဒေသခံများက ပြောသည်။

“ကလေးက ညပိုင်းအိပ်ရာထဲ အိပ်နေတုန်း မြွေကဝင်ကိုက်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဝက်လက်နယ်တင်မကဘဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်လည်း စစ်ဘေးရှောင်များမကြာ ခဏမြွေကိုက်၍ လူသေဆုံးမှုများ ဖြစ်ပေါ်နေသည်။

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အတွင်း ရှိ ဟန်လင်းပျူမြို့ဟောင်းအပါအဝင် ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။
နိုဝင်ဘာ ၇ ရက် ညပိုင်းက ဝက်လက်မြို့နယ်ရှိမ်းမကားနယ်မြေရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မိသားစုဝင်လေးဦး ထိမှန်ခဲ့ပြီး ကလေးမိခင်တစ်ဦးသေဆုံးခဲ့သည်။
