ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးနှင့် အကျဥ်းဦးစီးဌာန အိမ်ထောင် သည်လိုင်းခန်းကို အဝေးထိန်းဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association (YUA)က ပြောသည်။
ယမန်နေ့(နိုဝင်ဘာ ၉)ည ၁၀နာရီခန့်က အင်းစိန်မြို့နယ် နံသာကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ် ချုပ်ရေးမှူးရုံးအား YUA အဖွဲ့ဝင် Generation Z Defense Force & Supply Army(GZDF)က အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် အင်းစိန်မြို့နယ် ရွာမရပ်ကွက်ရှိ စစ်ကောင်စီ အကျဥ်းဦးစီးဌာန အိမ်ထောင်သည် လိုင်းခန်းအား အဝေးထိန်းဗုံးတစ်လုံးဖြင့်ပင် ဖောက်ခွဲသတိပေးခဲ့ကြောင်း YUA က ပြောသည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေအား မသိရသေးသော် လည်း တော်လှန်ရေးရဲဘော် များ အထိအခိုက်မရှိ လုံခြုံဘေးကင်းရာသို့ ပြန်လည်ရောက်ရှိပြီဟု အသိပေးသည်။
“ဆက်လုပ်နေဦးမှာပါ။ အာဏာရှင် မပျက်သုန်းမချင်း”ဟု Yangon UG Association(YUA)မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။
အထက်ပါတိုက်ခိုက်မှုများကို YUA ၏ ‘ပြည်သူ့ကမ်းလက်များစစ်ဆင်ရေး’၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီအပါအဝင် ၎င်း၏ထောက်တိုင်များနှင့် ဝေးဝေးနေကြရန် မေတ္တာရပ်ခံ သတိပေးထားသည်။
