မန္တလေးတိုင်း ၊မြင်းခြံခရိုင်ထဲက ပျားရွာကို မနေ့က ညပိုင်း စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ရာမှာ နေအိမ် အလုံး ၅၀ ခန့် ပျက်စီးသွားတယ်လို့ စုံစမ်းသိရပါတယ်။
ပျားကျေးရွာအနီးတိုက်ပွဲဖြစ်ပြီးနောက် ရွာထဲကို မနေ့က ညပိုင်းက စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ရွာသူရွာသားတွေ တိမ်းရှောင်နေရပါတယ်။
ရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ပျားရွာအရှေ့ပိုင်းက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့သိရပါတယ်။
“ရွာထဲကိုဝင်မရလို့ စာရင်းအတိအကျတော့မသိနိုင်ဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပျားရွာဟာ အိမ်ခြေတစ်ထောင်ခန့်ရှိတဲ့ ရွာကြီးဖြစ်ပြီး ရှေးဟောင်းလှိုင်ဂူဘုရားတွေ ရှိတဲ့ အရပ်လည်းဖြစ်ပါတယ်။
