စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင် စီတပ်နှင့်ပျူစောထီးများအား ယမန်နေ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများနိုင် ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။
ယမန်နေ့ (နိုဝင်ဘာလ ၈ ရက်)မွန်းလွဲ ၂ နာရီ မိနစ် ၂၀ခန့်က တန့်ဆည်နယ် ပေါင်ဂဒေါင် ရေငုပ်ပြွန်မှ အောင်စွာရွာဘက်သို့ ဖြတ်ကူးနေသောအင်အား ၂၀၀ ကျော်ပါ ခမရ (၃၆၁၊၃၆၉)မှ စစ်ကောင်စီတပ် စစ်ကြောင်းကို တန့်ဆည်(ပကဖ)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။
ထို့အပြင် ည ၇နာရီခွဲခန့်တွင်လည်း တန့်ဆည်နယ် အင်္ကုက္ကားရွာ အနောက်ဘက် ကျွန်းပင်တန်းဘက် ထွက်လာသော ပျူများကို တန့်ဆည်(ပကဖ)အဖွဲ့က ပဒေသာမိုင်း သုံးလုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
ထိထိမိမိတိုက်ခိုက်နိုင်ခဲ့သဖြင့် အကျအဆုံးများနိုင်ပြီး ညအချိန်ဖြစ်၍ အတိအကျမခန့်မှန်းနိုင် ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။
“နေ့လယ်ပိုင်းက ပေါင်ဂဒေါင်ချောင်းပေါ်မှာ တိုက်မိုင်းဆင်ထားတာ။ ွေးတွေ အောင်စွာဘက်ကိုအကူးမှာ တိုက်မိုင်းမိတယ်။ ွေးသုံးကောင်သေတယ်လို့တော့ အတွင်းထဲက လှမ်းပြောတယ်။ ညပိုင်းကလည်း ပဒေသာမိုင်းမိတာ။ ွေးတွေလည်းသေလောက်တယ်။ လက်နက်နဲ့ကို ပြန်မပစ်နိုင်ဘူး။”ဟု တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။
အဆိုပါစစ်ဆင်ရေးများတွင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှည့်ပတ်နေ၍ တန့်ဆည်-ကံထူးမ လမ်းပိုင်းအား လုံခြုံရေးအရ ယာယီပိတ်ထားလိုက်ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ယမန်နေ့နိုဝင်ဘာ ၈ ရက်တွင် သတိပေးကြေညာထားသည်။
