အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထောင်ချခံထားရတဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေထဲက စိုက်ပျိုးမွေးမြူ ရေးဝန်ကြီးဒေါက်တာစိုးသန်းကို စစ်ကောင်စီဟာ ဒီနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
ထောင်ဒဏ် ၂ နှစ်ချထားတဲ့ တိုင်းဝန်ကြီး ဒေါက်တာစိုးသန်း ဒီနေ့ပြန်လွတ်လာတာကို NLD ပါတီဝင်တွေကလည်းအသိပေးပါတယ်။
ဝန်ကြီးဒေါက်တာစိုးသန်းဟာ စစ်တပ်အာဏာသိမ်းတဲ့ရက်ကတည်းက ဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီနောက် အာဏာမသိမ်း ခင် နှစ်ရက်အလို မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနက ပြုလုပ်တဲ့ ကိုဗစ် ရောဂါ အသိပညာပေးဆိုင်းဘုတ်ဖွင့်ပွဲတက်ရောက်တာဟာ ကပ်ရောဂါကာလအတွင်းလူစုလူဝေးမလုပ်ရဆိုတဲ့စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးပုဒ်မ ၂ ခုနဲ့ တရားစွဲပြီးထောင် ၂ နှစ်ချထားတာပါ။
မတရားဖမ်းဆီးထောင်ချပြီး ၂ နှစ်မပြည့်မီ လပိုင်းအလိုမှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တာလည်းဖြစ်ပါတယ်။
