စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက လက္ကပင်ကျေးရွာ မှာ စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ပြည်သူ သုံး ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။
မနေ့က နေ့လယ်ပိုင်း ၁ နာရီမထိုးခင်မှာ စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ ဘက်တံဆိပ်ပါ တပ်တွေဟာ လက္ကပင်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ နှစ် ကြိမ်ပစ်ခတ်ခဲ့တာလို့မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးကအသိပေးပါတယ်။



ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ပြည်သူ သုံး ဦးထိခိုက်ခဲ့ပေမယ့်မစိုးရိမ်ရဘူးလို့လည်းသိရပါတယ်။
စစ်ကောင်စီတပ်ဟာ မြင်းမူမြို့နယ်ထဲက ကျော့မင်း ရွာဘက်ကို လည်း မနေ့က နေ့လယ် ၁၂ နာရီခွဲခန့်မှာ လက်နက်ကြီးနဲ့ သုံးကြိမ် လှမ်းပစ်ခဲ့တယ်လို့သိရပါတယ်။
