ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်တွင် စျေးဝယ်ထွက် လာသော စစ်ကောင်စီတပ်သားနှစ်ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး MA 3 တစ်လက်ရရှိကြောင်းPeople Defence Force Thandaung က ယနေ့(နိုဝင်ဘာ ၆ ရက်) ထုတ်ပြန်သည်။
တိုက်ခိုက်မှုဖြစ်စဥ်အရ ယမန်နေ့ ညနေ၄နာရီခွဲခန့်တွင် လိပ်သိုမြို့နယ်၊သံမိုးတောင်ကျေးရွာ၊ ပိန္သီလာလမ်းခွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦးကို ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။
MA3သေနတ်တစ်လက်နှင့် MA3 ကျည်၂၅တောင့် ရရှိခဲ့ကာ စစ်ကောင်စီတပ်သားနှစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဖော်ပြ သည်။
စစ်ကောင်စီလက်ပါးစေဒလန်များအနေဖြင့်လည်း ယခုကိစ္စကို နမူနာယူ၍ နောင်တရပြောင်းလဲရန် သတိပေးသည်။
ပြည်သူများအနေဖြင့်လည်း သွားသတိ၊လာသတိဖြင့် အရိပ်အခြေအနေ အမြဲမပြတ် စောင့်ကြည့်လေ့လာကြရန်လည်း People Defence Force Thandaung က တိုက်တွန်းသည်။
