Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး – မြစ်ကြီးနား ဗျူဟာလမ်း အင်းတော် မြို့နယ်အတွင်းလမ်းပိုင်းကို ညဘက်သွားလာခြင်းမပြုရန် တားမြစ်

ယခု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အင်တာနက် လိုင်းရသည့် ပြည်သူများ အနေဖြင့် လိုင်းမရသည့် သူများအား ဖုန်းဆက်၍ သော်လည်းကောင်း၊ သင့်ရာနည်းဖြင့် ဆက်သွယ်အသိပေးရန် ပြည်သူများအား ပန်ကြားထားသည်။

Indaw Revolution(IR)မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
Indaw Revolution(IR)မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR

▪️စစ်ကားများသွားလာမှုအပေါ် စစ်ရေးလှုပ်ရှားရာ၌ ပြည်သူနှင့် ရောသွားမည်စိုး၍ဟု PDF ရဲဘော်ပြော

မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်ရှိ အင်းတော်မြို့နယ်ပိုင် ကျောင်းကုန်း-အင်းတော်-မော်လူး-ကသာ လမ်းပိုင်းအား ယနေ့မှစ၍ ညဘက်သွားလာခြင်းမပြုရန် တားမြစ်ချက် ထုတ်ပြန်လိုက်ကြောင်း Indaw Revolution(IR)က ဖော်ပြသည်။

“အဲဒါက ညဆိုလို့ရှိရင် စစ်ကောင်စီကားတွေတအား ဖြတ်လို့။ ဖြတ်လို့ရှိရင် ကျနော်တို့ စစ်ရေးလှုပ်ရှားလို့ရှိရင် ပြည်သူကားတွေနဲ့ ရောမှာ စိုးလို့ပေါ့။ အဲဒါကြောင့်မို့ပါ”ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ လမ်းပိုင်းကို ည ၆နာရီမှ နံနက် ၆နာရီ အတွင်း မည်သည့်ယာဉ်အမျိုးအစားမဆို လုံး၀ (လုံး၀) ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် အလေးအနက် တားမြစ်လိုက်ကြောင်း Indaw Revolution က အသိပေးထားပြီး အကယ်၍ မလိုက်နာပါက ဖြစ်လာမည့် ကိစ္စအ၀၀ကို တာဝန်မယူကြောင်း ဖော်ပြထားသည်။

ယခု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အင်တာနက် လိုင်းရသည့် ပြည်သူများ အနေဖြင့် လိုင်းမရသည့် သူများအား ဖုန်းဆက်၍ သော်လည်းကောင်း၊ သင့်ရာနည်းဖြင့် ဆက်သွယ်အသိပေးရန် ပြည်သူများအား ပန်ကြားထားသည်။

ယခု ထုတ်ပြန်ချက်သည် ပြန်လည်ကြေညာခြင်း မရှိသရွေ့ အသက်ဝင်နေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

You May Also Like

သတင်း

နိုဝင်ဘာ၂ ရက်ကလည်း မုံရွာ - မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီ၏ Jummer ကားလေးစီးအား ဒေသကာကွယ်ရေးအဖွဲ့များကဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

တစ်ပတ်လျှင် တနင်္လာ၊အင်္ဂါနှင့် ဗုဒ္ဓဟူး (သုံး ရက်) သာ သွားလာခွင့်ပြုမည်ဖြစ်ပြီး ဘိလပ်မြေ၊ သံတိုသံစ၊အိမ်ဆောက်ပစ္စည်းများအပါအဝင် တားမြစ်ကန့်သတ်ပစ္စည်းသယ်ဆောင်လာသည့် ကားများကို သိမ်းဆည်းသွားမည်ဟု ဖော်ပြ သည်။

သတင်း

အဲဒီအိမ်ဟာ အောင်မြေသာစံမြို့နယ် ၊မြောက်ပြင်ရပ် ၊ ၁၄ လမ်း ၊၈၈ လမ်းနဲ့ ၈၇ လမ်းကြားမှာရှိပြီးနေအိမ်ရှေ့ အစောင့်ဂိတ် ဗုံးပစ်ခံရတာလို့သိရပါတယ်။

သတင်း

တောင်ရွာသစ်(ဂန်ရွာ)မှာ ဒီ နေ့ ညနေ၅နာရီဝန်းကျင်က စတင်ပြီး တစ်နာရီကျော်ကြာ မီးလောင်ခဲ့ရာ နေအိမ် ၄၁လုံးမီးထဲပါသွားပြီး လူနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။