စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲတွင် ပြည်သူ့ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၂၅) TPC -Taze People’s Comrades အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (နိုဝင်ဘာ ၄ ရက်) နံနက် ၇နာရီ ၂၀မိနစ် ခန့်က တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာအနီး၌ စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့များနှင့် ရွှေဘိုခရိုင်တပ်ရင်း (၂၅) TPC အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့် ကြာမြင့်ခဲ့ပြီး TPCတပ်ရင်းမှ အသက် (၁၉)နှစ်အရွယ်ရဲဘော်ချစ်တိုးအောင်သည် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။

ရဲဘော်သည်အသက်ကို ပထာနမထားဘဲရဲ့ဝံ့သတ္တိစွမ်းရည်အပြည့်ဖြင့် ပြောက်မြောက်စွာ တော်လှန်တိုက်ခိုက်ခဲ့သည့်အတွက်များစွာ ဂုဏ်ယူလေးစားပြီး အလေးပြုပါကြောင်း TPC -Taze People’s Comrades အဖွဲ့က ထုတ်ပြန်သည်။
ကျန်ရှိနေကြသည့် ကျွန်ုပ်တို့ TPCတပ်ရင်း(၂၅) ရှိ ရဲဘော်များက စစ်အာဏာရှင် ပြုတ်မကျမချင်း ဆက်လက်ထမ်းဆောင်သွားပါမည်ဟု TPC -Taze People’s Comrades အဖွဲ့က သစွာအဓိဌာန်ပြုသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ TPC -Taze People’s Comrades အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ကျဆုံးရဲဘော်၏ နာရေးအား တွေ့ရစဥ်၊ ဓာတ်ပုံ-TPC -Taze People’s Comrades
