ဖားကန့်မြို့ မြန်မာစီးပွားရေးဘဏ်ရှေ့တွင် မိုင်းပေါက်ကွဲပြီးရဲတပ်ဖွဲ့ဝင်သုံးဦးထိမှန်သွားကြောင်းဒေသခံများကပြောသည်။
ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာစီးပွားရေးဘဏ်ရှေ့တွင် ယနေ့(နိုဝင်ဘာ ၄ရက်) နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“ရဲသုံးကောင်မိုင်းထိသွားတယ်။နေ့လယ်နှစ်နာရီလောက်က ပေါက်ကွဲတာ”ဟုဒေသခံတစ်ဦးကပြောသည်။
မိုင်းပေါက်ကွဲပြီးနောက်စစ်ကောင်စီတပ်ကသေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟုဒေသခံများကပြောသည်။

စစ်အာဏာရှင်တော်လှန်ရေးအားကောင်းသည့်ဖားကန့်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ ပြီးခဲ့သည့်စက်တင်ဘာလကနှစ်ကြိမ်၊ သြဂုတ်လကတစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ရဲသုံးဦးထက်မနည်းသေဆုံးခဲ့သည်။ ထို့အပြင်ရဲခုနှစ်ဦးထက်မနည်းကိုလည်း တော်လှန်ရေးအဖွဲ့များကဖမ်းဆီးခဲ့သည်။
ယနေ့ညဦးပိုင်းတွင်ဖားကန့််မြို့နယ်နေရာအများစု၌သေနတ်သံများဆက်တိုက်ကြားနေရကြောင်းဒေသခံများကပြောသည်။ စစ်ကောင်စီတပ်၏ကင်းစခန်းအချို့ တိုက်ခိုက်ခံရဖွယ်ရှိကြောင်း ဒေသခံအချို့ကပြောသည်။
