စစ်တပ်အာဏာသိမ်းပြီး ၁၀ ရက်အကြာမှာ ဖမ်းခံရတဲ့ လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာဟာ ဒီနေ့ မနက်ပိုင်းမှာအင်းစိန်ထောင်ကနေပြန်လည်လွတ်မြောက်လာပြီလို့ သူရဲ့မိတ်ဆွေတွေကလူမှုကွန်ရက်ကနေ အသိပေးလာကြပါတယ်။
လင်းညှို့တာရာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်က တောင်ဥက္ကလာပမြို့နယ်က နေအိမ်မှာ ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက်ဆူပူအောင် လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင် ၂ နှစ်ချခံရပြီး ဒီနေ့မှာတော့ ပြစ်ဒဏ်စေ့လို့လွတ်လာတာလို့သိရပါတယ်။
ဗေဒင်ဆရာ လင်းညှို့တာရာဟာ စစ်အာဏာရှင်ပြုတ်ကျရေး အတွက် ဖယောင်းတိုင်ပေါ်မှာ အပ်ကိုးချောင်းစိုက်တဲ့ လောကီအစီအရင်တစ်ခုကို လူမှုကွန်ရက်မှာ ရေးသားဖြန့်ဝေမှုကြောင့် စစ်အုပ်စုက ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။
