Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင် မြေပဲဖော်နေသည့်တောင်သူများကို ပျူများက ပစ်ခတ်နေ

ကန်နီရွာသည် မြိုင်နယ်အတွင်း ပျူအင်အားကောင်းရာရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ဒေသတွင်းကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေသည်။

(စစ်ဆင်ရေးတစ်ခုတွင် တာဝေးပစ်Rocketများနှင့်အတူ တွေ့ရသည့် MVRFရဲဘော်များ၊ ဓာတ်ပုံ-MVRF)
(စစ်ဆင်ရေးတစ်ခုတွင် တာဝေးပစ်Rocketများနှင့်အတူ တွေ့ရသည့် MVRFရဲဘော်များ၊ ဓာတ်ပုံ-MVRF)

▪️ပျူရွာကို တာဝေးပစ်ရော့ကတ်များဖြင့် MVRF တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် မြေပဲဖော်နေသည့်ဒေသခံ တောင်သူများကိုပစ်ခတ်ခဲ့သည့် ကန်နီကျေးရွာရှိ ပျူစောထီးများကို တာဝေးပစ်ရှော့ကတ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး(MVRF) ဥက္ကဌဦးအောင်ဇေယျက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၃ ရက်) ည ၉နာရီခန့်ကမကွေးတိုင်း မြိုင်မြို့နယ်ရှိ ပျူစောထီးအင်အားကောင်းရာ ကန်နီရွာကို Myaing Villages Revolution Front – MVRF တပ်ရင်းနှင့် MRTF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ရော့ကတ်များဖြင့် ကန်နီရွာအတွင်းသို့ ပစ်သွင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ကန်နီရွာရှိ ပျူများသည် အနီးနားရှိ ကျေးရွာများက မြေပဲသီးနှံဖော်နေသော ဒေသခံတောင်သူများကို လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သည့် အတွက် တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MVRF ဥက္ကဌဦးအောင်ဇေယျက ပြောသည်။

“ကန်နီရွာရဲ့ပတ်ချာလည်က ပြည်သူတွေတောင်သူတွေ သီးနှံစိုက်ပျိုးခွင့်မရအောင် သိမ်းဆည်းခွင့်မရအောင် ဒုက္ခပေးနေတာက အခုမှမဟုတ်ဘူး။ ပြီးခဲ့တဲ့ မိုးဦးရာသီ နှမ်းသီးနှံသိမ်းစဥ်ကာလကလည်း အနီးနားက ကျေးရွာတွေက တောင်သူတွေကို လိုက်လံပစ်ခတ်တဲ့အတွက်ကြောင့် သီးနှံမသိမ်းဆည်းလိုက်ရဘဲ ဆုံးရှုံးသွားတဲ့ မြေဧကပေါင်း လေးဆယ်ခန့်ဆုံးရှုံးတာတွေရှိတယ်။ အခုလည်းပဲထပ်ပြီးတော့ မြေပဲသီးနှံပေါ့။ ရာသီသီးနှံသိမ်းစဥ်မှာ သူတို့လုပ်နေကျအတိုင်း ပြည်သူကိုဒုက္ခပေးတယ် ပစ်ခတ်တဲ့အတွက်ကြောင့် မဟာမိတ်တွေနဲ့ပေါင်းပြီး ပွဲကတာပါ။”ဟု ဦးအောင်ဇေယျက ပြောကြားသည်။

ထို့အပြင် စစ်ကောင်စီဘက်က အထိအခိုက်များကို လက်တလော မသိရသေးကြောင်း ၎င်းက ပြော သည်။

ကန်နီရွာသည် မြိုင်နယ်အတွင်း ပျူအင်အားကောင်းရာရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ဒေသတွင်းကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေသည်။

You May Also Like

သတင်း

စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ် များဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်သော်လည်း ပကဖရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု မြိုင်(ပကဖ)တာဝန်ခံက ဆိုသည်။

သတင်း

ညောင်ကုန်းဂိတ်ရှိ BGF တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ခေါ်ယူခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်လိုလို မကြာခဏ ကျူးလွန်လေ့ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်း

မြောင်မြို့နယ် သနပ်ကုန်းကျေးရွာတွင် ယနေ့(နိုဝင်ဘာ၂ရက်) နံနက် ၅နာရီခန့်က စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ခုနစ်တန်းကျောင်းသူတစ်ဦး သေနတ်ကျည်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲအတွင်း ကျောင်းသားတော်လှန်ရေးတပ် ဖွဲ့ (S.R.F)မှ ရဲဘော်နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း S.R.F က သီး ခြားထုတ်ပြန်ထားသည်။