စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် ဆီဆိုင်ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား PDF နှစ်ဖွဲ့ပေါင်း၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စခန်းတွင်းသို့ နှစ်လုံး ကျရောက်ပေါက် ကွဲခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)၏ တာဝန်ခံက ပြောသည်။
ယနေ့ (နိုဝင်ဘာလ ၃ ရက်)နံနက် ၉ နာရီ ၂၀ခန့်က တန့်ဆည်မြို့၊ ရွှေဒေါင်းမင်းဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူများအား တန့်ဆည် (ပ.က.ဖ)နှင့် စစ်ကိုင်းတပ်ရင်း (၃)တို့ပူးပေါင်း၍ လက်နက်ကြီး ၆လုံး ပစ်သွင်းတိုက်ခိုက် ခဲ့ရာ ၂လုံး စခန်းတွင်းကျရောက် ပေါက်ကွဲခဲ့ကြောင်း တန့်ဆည်(ပ.က.ဖ)တာဝန်ခံက ပြောသည်။

စစ်အုပ်စုတပ်စွဲရာဆီဆိုင်သည် တန့်ဆည်မြို့လမ်းဆုံအနောက်ဘက်၌တည်ရှိပြီး ဆီရောင်းချခြင်းမရှိတော့ကြောင်း၊ စစ်အုပ်စု၏ ထိခိုက်သေဆုံးအခြေအနေကို စုံစမ်းနေကြောင်း တန့်ဆည်(ပ.က.ဖ)တာဝန်ခံက ပြောသည်။
“(၈၁)လက်လုပ်နဲ့ပစ်တာ။ လက်လုပ်ကြီးခေါ်မှာပေါ့ဗျာ။ ၆လုံးပစ်သွင်းခဲ့တာ ွေးတွေတပ်စွဲထားတဲ့ ရွှေဒေါင်းမင်းဆီဆိုင်ထဲကို။ သူတို့ရှိတဲ့ဝင်းထဲတော့ရောက်တယ်ဗျ။ အထိအခိုက်ဘာညာတော့ သေချာတော့မသိရသေးဘူး။”ဟု တန့်ဆည်(ပ.က.ဖ)တာဝန်ခံက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးမွှေနှောက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
