စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် ကလေးငယ်နှစ် ဦး၏ ဖခင်ကို စစ်ကောင်စီက အောက်တိုဘာလကုန်ပိုင်းတွင် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးပြီး သတ်ဖြတ် လိုက်သည်ဟု ဒေသခံများက ပြောသည်။
ကောလင်းမြို့ အထက်သီတရာကျေးရွာမှ ကိုမြတ်သူအောင်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၅ ရက်တွင်ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။
” ကိုမြတ်သူအောင်က ကောလင်းမြို့ပေါ်ကို အလုပ်ကိစ္စနဲ့ တက်လာတာ။ စခတွေက မသင်္ကာလို့ဆိုပြီး ဖမ်းသွားတာ။ သေဆုံးသွားတာကို ဒီနေ့(နိုဝင်ဘာလ ၃ရက်)မှ သိတယ်”ဟု ကောင်းလင်းမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်လိုက်သော ကိုမြတ်သူအောင်တွင် ရင်ခွင်ပိုက် ကလေးငယ်တစ်ဦး နှင့် အသက်(၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း Kawlin Revolution KR-Teamက ထုတ်ပြန်ထားသည်။
Kawlin Revolution KR-Teamသည် ကောလင်းမြို့နယ် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက် စာမျက်နှာဖြစ်သည်။
