ကလေးမြို့တွင်တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲစစ်ကောင်စီတပ်က အရပ်သားနေထိုင်ရာနေရာကို လက်နက်ကြီးဖြင့်ပစ်ခတ်နေပြီး ယနေ့နံနက်ပိုင်းပစ်ခတ်မှုတွင် ပြည်သူတစ်ဦး၏စပါးကျီပေါ်ကျရောက်ပေါက်ကွဲခဲ့ကြောင်းကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြန့်ကျေးရွာကို ယနေ့ နေ့လယ် ၁၁နာရီ ၂၀မိနစ် ခန့်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သုံးချက်တောင်ပစ်ချတာ။တစ်ချက်ကရွာထဲကျတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။
တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီးပြည်သူတစ်ဦး၏စပါးကျီပေါ်ကျရောက်ပေါက်ကွဲခဲ့ကာ၊ အရပ်သားထိခိုက်မှုမရှိခဲ့ကြောင်းကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးသည်။
ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်သည် ကလေးမြို့ GTC ကျောင်းဝင်းအတွင်းရောက်ရှိနေပြီး တပ်စွဲထားသည်။
