ဒီနေ့မနက်အစောပိုင်း မန္တလေး ၊အောင်မြေသာစံမြို့နယ် ထဲ ကင်းလှည့်နေတဲ့ စစ်ကား ၃ စီးကို ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Generation Z Power က ထုတ်ပြန်ပါတယ်။
မြောက်ပြင်ရပ် ၁၂လမ်း နဲ့ ၈၆လမ်းထောင့်မှာ ကင်းလှည့်လာတဲ့ စစ်ကား ၂ စီး ၊ ရဲကား ၁ စီးတို့ကို ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့အဲဒီအဖွဲ့ကဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေကြေမှုတွေရှိနိုင်တယ်လို့လည်းအဲဒီအဖွဲ့ကပြောထားပါတယ်။
ဒီနေ့တိုက်ခိုက်မှုဖြစ်တဲ့ နေရာပတ်ဝန်းကျင်က ဒေသခံတစ်ဦးကတော့ ပေါက်ကွဲသံ ကြားလိုက်ရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။
