မန္တလေးအိုးဘိုထောင် မှာ အကျဉ်းကျနဲ့အချုပ်ကျသူများအတွက် မိသားစုက ပို့ဆောင်တဲ့ ထောင်ဝင်စာ ပါဆယ်ပို့ဆောင်တာကို စစ်ကောင်စီဘက်က ရက်သတ္တပတ်ကျော်ကြာပိတ်ပင်ပြီးနောက် ပြန်ခွင့်ပြုလိုက်ပါပြီ။
ရန်ကုန်အင်းစိန်ထောင် ထောင်ဝင်စာပါဆယ်ပို့ဆောင်တဲ့နေရာမှာ အောက်တိုဘာလ၁၉ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မန္တလေး အိုးဘိုထောင်မှာ ထောင်ဝင်စာ ပါဆယ်ပို့ခွင့်ပိတ်ထားခဲ့တာပါ။
အစားအစာ ၊ အဝတ်အစား ၊တကိုယ်ရေသုံးပစ္စည်းတွေ ပါဆယ်ပို့ခွင့်ပိတ်ထားပေမယ့် အိုးဘိုထောင်မှာ ဆေးဝါးနဲ့ ထောင်တွင်းဈေးတန်းမှာ ဈေးဝယ်ဖို့ ဈေးဘားပိုက်ဆံသွင်းခွင့်ကိုတော့ ခွင့်ပြုထားခဲ့ပါတယ်။
ဒီနေ့ အောက်တိုဘာလ ၃၁ ရက်မှာတော့ ပိတ်ပင်ထားတဲ့ ထောင်ဝင်စာပါဆယ်ပို့ခွင့်ကို စစ်ကောင်စီဘက်က ပြန်ခွင့်ပြုလာတာပါ။
