မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ (စ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒီနေ့ မနက်ပိုင်း ၁၀ နာရီခွဲကျော် မှာ ဗုံးနဲ့တိုက်ခိုက်ခံလိုက်ရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရပ်ကွက်ရုံးထဲမှာရှိတဲ့သူ ၃ ဦး ကို လူနာတင်ယာဉ်တွေနဲ့သယ်ဆောင်သွားတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပြပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ် ရောက်လာပြီး လမ်းပိတ်လိုက်ကာ ပေါက်ကွဲမှုဖြစ်တဲ့နေရာကိုစစ်ဆေးနေတယ်လို့သိရပါတယ်။
ဒီနေ့ ပေါက်ကွဲမှုဖြစ်တဲ့ ပြည်ကြီးတံခွန် (စ) ရပ်ကွက်ရုံးဟာ မကြာခဏ တိုက်ခိုက်ခံရတဲ့ ရုံးလည်းဖြစ်ပါတယ်။
