ရဲစခန်းမှူးအပါအဝင် ရဲ ၁၀ ဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိ
ပုဂံမြို့ကနေ ၁၂ မိုင်ခန့် ကွာဝေးတဲ့ င့ါသရောက်မြို့နယ်ခွဲ ရဲ့ ရဲစခန်းဟာ မနေ့က ညနေပိုင်းက စီးနင်းတိုက်ခိုက်ခံလိုက်ရပြီး ရဲ ၁၀ ဦးခန့် သေဆုံးခဲ့ကာ လက်နက်တွေလည်း ပါသွားတယ်လို ဒေသခံတွေကပြောပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က လူ၂၅ဦးခန့်ဟာဆိုင်ကယ်တွေနဲ့ရောက်လာပြီး ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သွားတာပါ။
အဲဒီစီးနင်းမှုမှာ ရဲစခန်းမှူးရဲအုပ် အေးကျော် အပါအဝင် ရဲ ၁၀ ဦးနဲ့ ရဲမိသားစုဝင်အမျိုးသမီး ၁ဦးသေဆုံးခဲ့တယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူများကပြောပါတယ်။
လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဘက်မှလည်း တစ်ဦးသေဆုံးတယ်လို့ ဆိုထားပါတယ်။
စခန်းအတွင်းက လက်နက်အချို့ကိုလည်း သိမ်းယူသွားတယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကိုဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။
လတ်တလောအနေနဲ့ ငါ့သရောက်မြို့ထဲမှာ စစ်တပ်က အင်အား အလုံးအရင်းနဲ့ ရောက်နေပြီး ဒေသခံတွေလည်း တိမ်းရှောင်နေရတယ်လို့သိရပါတယ်။
ငါ့သရောက်မြို့ဟာ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ထဲပါဝင်တဲ့မြို့နယ်ခွဲ အဆင့်ရှိ မြို့ ဖြစ်ပါတယ်။
င့ါသရောက်ဒေသဟာ ညောင်ဦးမြို့နယ် ၊ ကျောက်ပန်းတောင်မြို့နယ်နဲ့ တောင်သာမြို့နယ် သုံးမြို့ ဆုံရာ တြိဂံ ဒေသလည်းဖြစ်ပါတယ်။
