▪︎ပစ်ခတ်မှုဖြစ်ပွားပြီးခရီးသွားများမသွားတော့၍ စစ်ကောင်စီကစာရိတ်ငြိမ်းဖြင့်ပြည်သူများကိုစည်းရုံးနေ
စစ်ကောင်စီက ကျိုက်ထီးရိုးဘုရားသွားဖူးသူများကို ကားခ၊တည်ခိုခ၊တောင်တက်ခ၊ စားသောက်ရန်စသဖြင့် အခမဲ့အားလုံးပေးမည်ဟုစည်းရုံးနေသလို ၊၎င်းတို့လက်အောက်ရှိNon-CDM ဝန်ထမ်းများကိုမဖြစ်မနေဘုရားသွားဖူးရမည့် ရက်ကိုစစ်ကောင်စီကသတ်မှတ်လိုက်ကြောင်း ကျိုက်ထိုဒေသခံများ၊ကျိုက်ထီးရိုးဂေါပကအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
အောက်တိုဘာ ၁၂ ရက်၊နံနက် ၁၀နာရီ မိနစ်၄၀တွင်ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ်အတွင်းတပ်စွဲထားသောစစ်ကောင်စီတပ်ကို တော်လှန်ရေးရဲဘော်များကပစ်ခတ်တိုက်ခိုက်ခဲ့သည်။တော်လှန်ရေးရဲဘော်များပြန်သွားပြီးနောက်စစ်ကောင်စီတပ်က လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ဘုရားဖူးဧည့်သည်အမျိုးသမီး(၃)ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး (၁၃)ဦး ဒဏ် ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဥ်ကြောင့်ဘုရားဖူးဧည်သည့်များမရှိသလောက်နည်းပါးသွားပြီးစစ်ကောင်စီတပ်ကရရှိနေသည့်ဘုရားအလှူငွေ နှင့် ကျိုက် ထီးရိုးဘုရားဖူးလုပ်ငန်းများမှရရှိသည့်အခွန်ငွေများစွာဆုံးရှုံးနေသည်။
ထိုအခြေအနေတွင် နိုဝင်ဘာ ၇ ရက်တွင်ကျရောက်မည့်တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ နိုဝင်ဘာ ၃ ရက် နှင့် ၄ ရက် တို့တွင်ဘုရာဖူးခရီးသည်များ စတင်စည်းကားရန်စစ်ကောင်စီကဖိအားပေးနေခြင်းဖြစ်သည်။
“တောင်တက်ခ၊ ကေဘယ်လ်ခ၊ တည်ခိုးခ အခမဲ့ ။ပြီးတော့ စတုဒိသာပါ ကျွေးမှာဆိုပြီး စခနောက်လိုက်အုပ်ချုပ်ရေးမှူးတွေက မနေ့ကစပြီးရပ်ကွက်ထဲ လိုက်ပြောနေတယ်”ဟု ကျိုက်ထိုမြို့ခံတစ်ဦးကပြောသည်။
ထို့အပြင် စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ကျိုက်ထီးရိုးဘုရားဘုရားဖူး ပြည်သူများ စည်ကားလာစေရန် လုပ်ရမည်ဟု ညွှန်ကြားထားကြောင်းလည်းကျိုက်ထီးရိုးဂေါပကနှင့်နီးစပ်သူကအသိပေးသည်။

“နယ်မြေခံတပ်မ ၄၄ ကလုံခြုံရေးအပြည့်အဝပေးမယ်။ပြီးတော့အခမဲ့အစီအစဥ်တွေကိုအသေးစိတ်ကြေညာဖို့လည်း ရပ်ကျေးအဆင့်ထိရော၊ကျိုက်ထီးရိုး ဘုရားနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းအဆင့်ဆင့်ကို ညွှန်ကြားခိုင်းတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင်နိုဝင်ဘာ၃ ရက်နှင့် ၄ရက်အတွက် ဘုရားရင်ပြင်ရှိတည်းခိုခန်းတိုင်းတွင် စစ်ကောင်စီ၏ Non-CDMဝန်ထမ်းများက ကြိုတင်အခန်းရယူထားကြောင်းလည်း၎င်းကဆက်ပြောသည်။
“ဘုရားကိုယုံကြည်သက်ဝင်တာ ကို လက်ခံတယ်။ဒါပေမယ့် ပစ္စုပန်ကာလကိုကြည့်ပါ။ဘုရားဟောကြားတာတွေကိုလက်တွေ့ အသုံးချပါ။ပြီးတော့ကိုယ့်အသက်ထပ်အရေးကြီးတာမရှိဘူး”ဟုကျိုက်ထိုမြို့ခံတစ်ဦးကပြော သည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People’s Spring နှင့်သီးသန့်အင်တာဗျူးတွင် ပြည်သူများတော်လှန်ရေးသတိရှိကြရန် တိုက်တွန်းထားသည်။
