Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့တွင် ဒေသခံပြည်သူများထံမှ ရိက္ခာများလုယူလာသည့် စစ်အုပ်စုကို တိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊ တပ်ရင်း(၈)၊တပ်ရင်း(၁၉)၊ PRA နှင့် ဒေသခံPDFများပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

(ယင်းမာပင်ခရိုင်အမှတ်(၈)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - PPDF)
(ယင်းမာပင်ခရိုင်အမှတ်(၈)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - PPDF)

စစ်ကိုင်းတိုင်း ပုလဲမြို့တွင် ဒေသခံပြည်သူများထံမှ ရိက္ခာများလုယူလာသည့် စစ်ကောင်စီတပ်သားများနှင့် ပျုစောထီးများ နေရပ်ပြန်လာစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်များက ကြားဖြတ်တိုက် ခိုက်ခဲ့ပြီး ရိက္ခာအချို့ ပြန်ရယူနိုင်ခဲ့သည်။

ယနေ့(အောက်တိုဘာ၂၉ရက်) နံနက်က အင်မထီးပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့် ပျုစောထီးများသည် ဘေးပတ်ဝန်းကျင်ရှိ ကမ်းဒေါင့် ကျေးရွာမှ ဒေသခံများ​၏ စားနပ်ရိက္ခာများကို ခြိမ်းခြောက်လုယူပြီး လှည်းဖြင့် သယ်ဆောင်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အင်မထီးက ပျူရွာ။ အဲ့ဒီရွာမှာ စစ်တပ်က တပ်စွဲထားပြီး သူတို့ ရိက္ခာအတွက် အခြားရွာတွေကနေ မကြာခဏ သွားသွားယူတာ။ အနိုင်ကျင့်ယူကြတာ”ဟု ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကန့်ဒေါင့်မှ ရိက္ခာများယူဆောင်ပြီး အင်မထီးကျေးရွာသို့ လှည်းအစီး(၅၀)ခန့်ဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများကို တိုက်ခိုက်ခဲ့သည်ဟု ပုလဲအခြေစိုက်၊ယင်းမာပင်ခရိုင်အမှတ်(၈)တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

လှည်းတစ်စီး၊ဆန်တစ်အိတ်၊စားဆီတစ်ပုံး၊ ဓာတ်ဆီတစ်ပေပါနှင့် ဒီဇယ်တစ်ပေပါပြန်လည်ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊ တပ်ရင်း(၈)၊တပ်ရင်း(၁၉)၊ PRA နှင့် ဒေသခံPDFများပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

စစ်ကောင်စီဘက်မှ ထိခိုက်သည့်စာရင်းကို မသိရှိရသေးဘဲ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအကျဆုံးမရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ပုလဲအခြေစိုက်၊ ယင်းမာပင်ခရိုင်အမှတ်(၈) တပ်ရင်းက ထုတ်ပြန်ထားသည်။

You May Also Like

နိုင်ငံတကာ

ဒီကိစ္စမျိုးဟာ စက်ဆုပ်စရာ ကောင်းလွန်းကြောင်း၊ အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးအရ ရန်လိုတိုက်ခိုက်မှုတွေ၊ အမုန်းတရားတွေဟာ အမေရိကန်မှာ လုံးဝ မရှိသင့်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

သတင်း

"ကောင်းကောင်းထိရင် အသေပဲဗျ။ ရှပ်ထိတာဖြစ်နိုင်တယ်။ ထိထိမိမိဆိုရင်နေရာတင် ပွဲချင်းပီးမှာ သေချာပါတယ်။ဒဏ်ရာရပြီး ပေါင်းတည်ဆေးရုံမှာ သုံးယောက်လို့ပဲ သိရသေးတယ်"ဟု ၎င်းက ပြောသည်။

သတင်း

ထိုဖြစ်စဥ်တွင် ရေဦးမြို့ဘက်သို့ စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းသယ်လာပြီး ​ဒဏ်ရာရသူ ၅ဦး​ရှိကြောင်း KSO အဖွဲ့ တာဝန်ခံက ဆိုသည်။

သတင်း

မန္တလေးမြို့ရှိ မြေကွက်များကို အောက်တိုဘာ ၁ရက်က စတင်ရောင်းချရာ မြေကွက် အားလုံး၏ ၇၁ရာခိုင်နှုန်းကို ရောင်းချခဲ့ပြီးဖြစ်သည်ဟု သိရသည်။