ပဲခူးတိုင်း မှတ်တိုင်မြို့မှ ပေါင်းတည်မြို့ဘက်သို့ ဆိုင်ကယ်ဖြင့်လာသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) မှ တာဝန်ရှိသူက ပြောသည်။
“ကောင်းကောင်းထိရင် အသေပဲဗျ။ ရှပ်ထိတာဖြစ်နိုင်တယ်။ ထိထိမိမိဆိုရင်နေရာတင် ပွဲချင်းပီးမှာ သေချာပါတယ်။ဒဏ်ရာရပြီး ပေါင်းတည်ဆေးရုံမှာ သုံးယောက်လို့ပဲ သိရသေးတယ်”ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီခန့်တွင် မှတ်တိုင်မှ ပေါင်းတည်မြို့ဘက်သို့လာသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ်လေးစီးကို PPDF တပ်ရင်း (၃၆၀၁) တပ်ခွဲ – ၅ နွေဦးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်နှစ်စီးကို ထိမှန်ခဲ့ကြောင်း ၎င်းက ပြောသည်။
PPDFအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း လဲပင်ကျေးရွာသို့ တတ်လာသော အကြမ်းဖက်စစ်ကောင်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ခြောက်ဦးခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
