ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း မနေ့နေ့လယ်ပိုင်း ချေးငွေကောက်ပြီးပြန်လာတဲ့ ပုဂ္ဂလိက ငွေချေးကုမ္ပဏီ တစ်ခု ရဲ့ ချေးငွေ အရာရှိ အမျိုးသမီး သတ်ဖြတ်ခံလိုက်ရပါတယ်။
သတ်ဖြတ်ခံရတဲ့ အမျိုးသမီးဟာ Early Dawn Microfinance ပေါက်ခေါင်းဌာနခွဲမှ အသက် ၃၃ နှစ်အရွယ် ချေးငွေအရာရှိ မစန်းစန်းမော် ဖြစ်တယ်လို့ အဲဒီကုမ္ပဏီကလည်းအသိပေးထားပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့နယ် ၊သီးကုန်းကျေးရွာနေသူ မစန်းစန်းမော်ဟာမနေ့ကနေ့လယ်ပိုင်း ၂ နာရီဝန်းကျင်က ရှားစီးဖိုကျေးရွာ မှာ ချေးငွေသိမ်းဆည်းပြန်လာချိန် ရှားစီးဖို − ပေါက်ခေါင်း ကားလမ်းမှာ သတ်ဖြတ်ခံလိုက်ရတာပါ။
သတ်ဖြတ်ခံထားရတဲ့အလောင်းရဲ့လည်ပင်းမှာ ပြတ်ရှထားတဲ့ ဒဏ်ရာ တွေ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။
