မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ဒီနေ့မနက်အစောပိုင်း ယာဉ်တိုက်မှုဖြစ်ပြီး ၇ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရသွားပါတယ်။
ယာဉ်တိုက်မှုဟာ မနက်ပိုင်း ၆ နာရီမထိုးခင် ချောက်မြို့နယ် ၊သြဇာတောကျေးရွာ အနီး ၊ ရေနံချောင်း − ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင် ၃၇၈ အနီးမှာဖြစ်ခဲ့တာပါ။

ရေနံချောင်း − ကျောက်ပန်းတောင်းကားလမ်းပေါ်မှာ ရပ်ထားတဲ့ ၁၂ ဘီးကားကို ဒိုင်နာကားဟာ နောက်ကနေ ဝင်တိုက်မိတာ လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်က သတင်းထုတ်ထားပါတယ်။

ယာဉ်တိုက်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၁၉ ဦးအနက် အမျိုးသား ၃ ဦး ၊အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။
ဒဏ်ရာရသူတွေကို ချောက်မြို့နယ် ဆေးရုံ ပို့ထားတယ်လို့သိရပါတယ်။
