မန္တလေး မှာ မီးပိတ်သပိတ်လုပ်ဖို့ လူမှုကွန်ရက်မှာ လှုံဆော်သူ ၅ ဦးနဲ့ သပိတ်မှာပါဝင်တဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုဘက်က သတင်းထုတ်လာပါတယ်။
စုစုပေါင်း ၆ ဦး ဖမ်းဆီးခဲ့တာလို့ သတင်းဖြန့်ထားပြီး ၁ ဦးဟာ သပိတ်မှာပါဝင်တဲ့ အသက် ၅၀ အရွယ်အမျိုးသမီးဖြစ်တယ်လို့သိရပါတယ်။
မနေ့ညပိုင်းက စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ နေရာအချို့မှာ သေနတ်ပစ်ဖောက်တာ ၊ မီးဖြတ်ပစ်တာ တွေလုပ်ဆောင်ခဲ့ပါတယ်။
အောင်မြေသာစံမြို့နယ်၊ ၈၇ လမ်းနဲ့ လမ်း ၂၀ မှာတော့ မီးသပိတ်လုပ်တယ်ဆိုကာ အသက် ၅၀ အရွယ် အမျိုးသမီးကို သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားခဲ့တယ်လို့ဒေသခံအချို့ကပြောပြပါတယ်။
သပိတ်မတိုင်ခင်ကလည်း မီးပိတ်သပိတ်မှာပါရင် မီတာပုံးဖြုတ်ပြီး အရေးယူမယ်လို့ စစ်အုပ်စုဘက်က ခြိမ်းခြောက်တာတွေရှိခဲ့တာပါ။
