ပြည်ပရောက် လုပ်သားတွေရဲ့ လစာငွေ ပြည်တွင်းကို ပြန်လွှဲရင် အမေရိကန်တစ်ဒေါ်လာ ကို ကျပ် ၃၀ အပိုဆောင်းပေးမယ်လို့စစ်ကောင်စီက မက်လုံးပေးလိုက်ပါတယ်။
ငွေလွှဲရာမှာ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကား လိုင်စင်ရ ဘဏ်တွေကတဆင့် လွှဲပေးရမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
စစ်ကောင်စီဟာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၁၀၀ ပေါက်ဈေးသတ်မှတ်ထားတာပါ။
ပြည်တွင်း လစာငွေ ပြန်လွှဲရင် အပိုဆောင်းပေးမယ့် ကျပ်ငွေကို ငွေထုတ်တဲ့နေ့မှာတပါတည်း ထုတ်ယူနိုင်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ဒီလိုအပိုဆောင်းပေးမယ့်အစီအစဉ်ဟာ လာမယ့်နိုဝင်ဘာလ ၁ ရက်မှာ စတင်မှာဖြစ်ပါတယ်။
ဒါပေမယ့်ပြင်ပဈေးကွက်မှာတော့ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ဝန်းကျင်ပေါက်ဈေးရှိနေပါတယ်။
