လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ဒေသအချို့မှာ စစ်ကောင်စီရဲ့လေကြောင်း ရန်ကနေ ကာကွယ်နိုင်ဖို့ လူထုကို တော်လှန်ရေးအင်အားစုတွေက အသိပညာပေးတာတွေပြုလုပ်နေပါတယ်။
ဒေသခံတွေကို လေကြောင်းရန်ကာကွယ်ရေးဟောပြောတာ ၊ လက်ကမ်းစာစောင်ဝေငှတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ လူထု အထိအခိုက်နည်းအောင် အသိပညာပေးတာ လုပ်ရတာလို့ ပါဝင်ဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေရဲ့ စခန်းတွေကိုဒီရက်ပိုင်းတွေအတွင်းလေကြောင်းကိုအားပြုကာ ဝင်ရောက်စီးနင်းတိုက်ခိုက်တာတွေလုပ်နေပါတယ်။
