Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်း-ကရင်နီအစပ်တိုက်ပွဲများပြင်းထန်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ​

“ဆောင်ကမ်းလမ်းခွဲမှာ အခုလ ၂၆ ရက် ကတည်းကစဖြစ်တာ။အခု ဒီနေ့ထိလည်း တိုက်ပွဲက တော်တော်ပြင်းထန်နေတာ”ဟု ​ဒေသခံသတင်းရင်းမြစ်တစ်ဦးကရှင်းပြသည်။

(KNDFတပ်ဖွဲ့ဝင်အချို့ တိုက်ပွဲဝင်​နေစဥ်။ဓါတ်ပုံ-KNDF)
(KNDFတပ်ဖွဲ့ဝင်အချို့ တိုက်ပွဲဝင်​နေစဥ်။ဓါတ်ပုံ-KNDF)

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ်တွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုထိခိုက်သူများရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်း မြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲ-လွိုင်ကော်လမ်းမကြီးကိုထိန်းချုပ်နိုင်ရန်​အောက်တိုဘာ ၂၆ မှစ၍ သာလွန်အင်အားအပြင် လက်နက်ကြီးအမြောက်အများအသုံးပြုပြီး စစ်ကြောင်းထိုးလာ၍တိုက်ပွဲ များပြင်းထန်နေခြင်းဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။

“ဆောင်ကမ်းလမ်းခွဲမှာ အခုလ ၂၆ ရက် ကတည်းကစဖြစ်တာ။အခု ဒီနေ့ထိလည်း တိုက်ပွဲက တော်တော်ပြင်းထန်နေတာ”ဟု ​ဒေသခံသတင်းရင်းမြစ်တစ်ဦးကရှင်းပြသည်။

တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးထက်မနည်းရှိကြောင်း မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့အတည်ပြုသည်။

Public Service Announcement
Public Service Announcement

“စခတွေဘက်ကလည်းသေဆုံးထိခိုက်မှုများတယ်။အရေအတွက်ကတော့အတည်မပြုနိုင်သေးဘူး”ဟုအထက်ပါတာဝန်ရှိသူကပြောသည်။

လက်ရှိတိုက်ပွဲ ပြင်းထန်နေသည့် ဆောင်ကမ်းလမ်းခွဲအနီးရှိ ဝါရီကောခူရွာနှင့် ပီကင်းကောခူရွာက ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းလည်းသိရသည်။

စစ်ရေးအရအရေးပါသောနယ်မြေများကိုအကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်မရောက်ရှိသွားရန်လည်း ပြည်သူများအနေဖြင့် ဝိုင်းဝန်း ကူညီပေးရန် ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF တပ်ရင်း ၂ က ယနေ့(အောက်တို ဘာ ၂၈ ရက်)ညနေပိုင်းတွင်ထုတ်ပြန် ထားသည်။

You May Also Like

သတင်း

“လက်ဦးမှုယူပြီးတိုက်တာ သေဆုံးဒဏ်ရာရတာတော့ သေချာမသိသေးဘူး”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

သတင်း

"တိုက်ပွဲကနေ့လယ်ကတည်းကဖြစ်တာ။ကလေးတွေကမြို့ထဲဘက်ဝင်လာတာ။အခုညနေလည်းပစ်နေကြတုန်းပဲ"ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

သတင်း

ယနေ့(အောက်တိုဘာ၂၈ ရက်) နံနက် ၅နာရီခန့် ကျောက်ရစ်စခန်းမှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည်။

သတင်း

KNU နယ်မြေအတွင်း စစ်ရေးအခြေအနေများကိုလည်း ပဒိုစောတောနီးက ရှင်းပြခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း KNUနှင့် စစ်ကောင်စီတပ် တိုက်ပွဲ ခုနစ်ထောင်ခန့် ဖြစ်ခဲ့သည်ဟု ပြောသည်။