ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ၏ ရက္ခိုင်ပြည်သူ့အစိုးရက အမှုအခင်းများကို အွန်လိုင်းမှတစ်ဆင့် တိုင်ကြားနိုင်ရန် ဆောင်ရွက်ထားရာ Telegram Account ကတဆင့် တိုင်ကြားနိုင်ကြောင်း ULA/AAက ထုတ်ပြန်သည်။
အမှုအခင်းများကို Online မှတဆင့် တိုက်ရိုက်တိုင်ကြားနိုင်ရန်အတွက် Justice For Arakan အမည်ဖြင့် Telegram Account တခုကိုဖွင့်ပြီး တရားဥပဒေရေးရာ ဝန်ဆောင်မှုများ ပေးခဲ့ရာ ၂၀၂၂ ဩဂုတ်တွင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ၎င်း Telegram Account ကို နှစ်လကျော် သုံးစွဲခြင်းမဟိဘဲ ရပ်နားထားခဲ့ကြောင်း AAက ဆိုသည်။ ယခုအချိန်တွင် တရားဥပဒေရေးရာဌာနမှ Justice For Arakan အမည်ဖြင့် Telegram Account အကောင့်သစ်တခုကို အောက်တိုဘာ ၂၇ရက်တွင် အသစ်ထပ်မံ ဖွင့်ထားကြောင်း အသိပေးထားသည်။
ပြည်သူများအနေဖြင့် Justice For Arakan အကောင့်၏ Username: @justice4arakan ကို Telegram တွင် အလွယ်တကူ ရိုက်နှိပ်ရှာဖွေနိုင်ပြီး ULA/AA ၏ တရားဥပဒေရေးရာဌာနသို့ တက်ရိုက်ဆက်သွယ်ကာ အမှုများကို တိုင်တန်းနိုင်သည့်အပြင် Email: arakan.jus@protonmail.com မှ တဆင့်လည်း တိုင်တန်းနိုင်ကြောင်း ထုတ်ပြန်သည်။
အဆိုပါ တရားပဒေရေးရာဌာနသည် ရခိုင်ပြည်သူများ၏ တရားရေး၊ ဥပဒေရေးရာနှင့် သက်ဆိုင်သည့် အမှုအခင်းများ ၊ ရပ်ရွာ၊ မြို့နယ်များအတွင်း ဖြစ်ပွားနေသော ပြဿနာများကို အချိန် နှင့် တပြေးညီ တိုင်ကြားနိုင်ရန်၊ အမှုအခင်းပြဿနာများကို အမြန်ဆုံးဖြေပေးနိုင်ရန်၊ ပြည်သူ့အသံများကို နားထောင်နိုင်ရန်၊ အမှုသည်များနှင့် တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မြေပြင်တွင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ခံများထားရှိပြီး ရုံးများ ဖွင့်လှစ်၍ အမှုများ စစ်ဆေးပေးခြင်း၊ တရားဥပဒေရေးရာ ဌာန အား လည်ပတ်နိုင်အောင် ကြိုးပမ်းလျက်ရှိဟု ဖော်ပြထားသည်။
