မန္တလေး အိုးဘိုထောင် မှာ ထောင်ဝင်စာပါဆယ်ဆက်လက်ပိတ်ထားပေမယ့် ဆေးဝါး ၊ ဈေးဘားငွေနဲ့ စာပို့ခွင့် စစ်ကောင်စီက ပြန်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
ဒီလို ပြန်ခွင့်ပြုတာဟာ ရက်ပိုင်းမျှသာ ရှိသေးတယ်လို့ အိုးဘိုထောင်အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
ဒါပေမယ့် တစ်လ ၂ ခါ အစားအသောက် ၊အဝတ်အစားနဲ့အသုံးအဆောင်ပစ္စည်းတွေပေးပို့တာကိုတော့ ဆက်လက်ပိတ်ပင်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် အောက်တိုဘာလ ၁၉ ရက်က အင်းစိန်ထောင် ထောင်ဝင်စာပို့ရာနေရာအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် နိုင်ငံတဝှမ်းက အကျဉ်းထောင်အချို့မှာ ထောင်ဝင်စာ ပါဆယ်ပို့တာကို စစ်ကောင်စီက ပိတ်ထားတာပါ။
ဒါအပြင် အကျဉ်းထောင်တွင်း စစ်ကောင်စီက တရားရုံးလုပ်ပြီး စစ်ဆေးနေတဲ့ တရားရုံးတွေကိုလည်း ယာယီရွှေ့ဆိုင်းထားပါတယ်။
