Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နယ်မြေရှင်းလင်းစဉ်တိုက်ပွဲဖြစ်၍ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် နှစ်ဦးဒဏ်ရာရဟု ကော်ဘရာစစ်ကြောင်း အသိပေး

အဆိုပါ တိုက်ပွဲသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တော်လှန်ရေးရဲဘော် နှစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column
ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၌ ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ ၂၆) နံနက်ပိုင်းတွင် မြ၀တီ – ဝေါ်လေလမ်းအနီးရှိ လူခို့ ညောင်ချောင်း နေရာအား KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်တပ်၏ တပ်မ(၄၄) လက်အောက်ခံ ခမရ (၂၀၇)နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တော်လှန်ရေးရဲဘော် နှစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ် ဘက်မှ ထိခိုက်သေဆုံးမှုအား တိတိကျကျသိရှိနိုင်ရန် စီစစ်ဆဲဖြစ်ပါကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

Facebook

You May Also Like

သတင်း

အောက်တိုဘာ ၂၂ ရက်က စတင်ခဲ့သည့် ငါးရက်အတွင်း တိုက်ပွဲခြောက်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က (၈)ဦးခန့် သေဆုံးပြီး (၄) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု မူတြော်သတင်းစဉ်မှ ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်က အောက်တိုဘာ ၂၄ရက် ညနေပိုင်း၌ စစ်ရေးလှုပ်ရှားလာ၍ KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်များသည် မိုင်းကွင်းထဲသို့မဝင်ဘဲ မိုင်းဆွဲရန် အသင့်စောင့်နေသည့် ရဲဘော်များ၏ နောက်ကျောမှရောက်လာပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က အသိပေးသည်။

သတင်း

MNDAA ၊ TNLA နှင့် AA တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း အောက်တိုဘာ ၂၃ ရက်ညတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါ(A Nang Pa)ဒေသကိုစစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ‘စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း’ ဟု သတ်မှတ်ခဲ့သည်။