မုံရွာ – အရာတော်လမ်းပိုင်းတွင် ရိက္ခာလာပို့သော စစ်ကောင်စီယာဉ်ကို တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့ က ယနေ့(အောက်တိုဘာ ၂၆ ရက်) ထုတ်ပြန်သည်။
ယမန်နေ့က သပြေညိုပြောက်ကျားတပ်ဖွဲ့နှင့်God Of Monywa People Defence Force _GPDF တို့ပူးပေါင်းကာ စစ်ဆင်ရေးတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုဖြစ်စဥ်အရ မုံရွာ-အရာတော်လမ်းပိုင်း၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို ရိက္ခာလာပို့သော မက်တူးကားကိုလက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်နိုင်ခဲ့ ကြောင်းဖော်ပြသည်။

“မက်တူးကားပေါ်မှာပါတဲ့ စခ သုံးပွင့်ဗိုလ်ရယ် တပ်သားနှစ်ဦးရယ် သေတယ်။ကျန်တဲ့ စခ နှစ် ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်”ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပြန် လည် ပစ်ခတ်မှုများရှိလာသဖြင့် ဆုတ်ခွာခဲ့ရပြီးရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

အလားတူ ယမန်နေ့ နံနက်အစောပိုင်းက မုံရွာ-အရာတော်လမ်းပိုင်းတွင် စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ဦး ခန့်သေဆုံးနိုင် ကြောင်းဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
