Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အနန့်ပါတိုက်ခိုက်ခံရမှု ကျန်ရစ်သူမိသားစု၊ ကချင်လူထု၊ KIO အဖွဲ့နှင့် ထပ်တူဝမ်းနည်းကြောင်း KNU ထုတ်ပြန်

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်အား ဝိုင်းဝန်းဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတွင် ပိုမိုပါဝင်တိုက်ပွဲဝင်ရန် တိုက်တွန်းကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

အနန့်ပါတိုက်ခိုက်ခံရမှု ကျန်ရစ်သူမိသားစု ၊ ကချင်လူထု ၊ KIO အဖွဲ့နှင့် ထပ်တူဝမ်းနည်းကြောင်း KNU ထုတ်ပြန်
အနန့်ပါတိုက်ခိုက်ခံရမှု ကျန်ရစ်သူမိသားစု ၊ ကချင်လူထု ၊ KIO အဖွဲ့နှင့် ထပ်တူဝမ်းနည်းကြောင်း KNU ထုတ်ပြန်

▪︎စစ်အာဏာရှင် အမြစ်ဖြတ်ရေးတွင် ပိုမိုတိုက်ပွဲဝင်ကြရန် တိုက်တွန်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါ ဒေသသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း မှ တိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သား ပြည်သူများ အနုပညာရှင်များ အပါအဝင် သေဆုံးထိခိုက်သူအများအပြားရှိခဲ့ရာ ကျန်ရစ်သူမိသားစု၊ ကချင်ပြည်သူလူထု နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တို့နှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က တေးဂီတပွဲအား ဗုံးကြဲတိုက်ခိုက် ခြင်းသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စစ်ရာဇဝတ်မှု မြောက်ကြောင်း သက်သေခံလျက်ရှိသည်ဟု KNUက ဆိုသည်။

အနန့်ပါတိုက်ခိုက်ခံရမှု ကျန်ရစ်သူမိသားစု ၊ ကချင်လူထု ၊ KIO အဖွဲ့နှင့် ထပ်တူဝမ်းနည်းကြောင်း KNU ထုတ်ပြန်
အနန့်ပါတိုက်ခိုက်ခံရမှု ကျန်ရစ်သူမိသားစု ၊ ကချင်လူထု ၊ KIO အဖွဲ့နှင့် ထပ်တူဝမ်းနည်းကြောင်း KNU ထုတ်ပြန်

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်အား ဝိုင်းဝန်းဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတွင် ပိုမိုပါဝင်တိုက်ပွဲဝင်ရန် တိုက်တွန်းကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

KNU အနေဖြင့်လည်း အပြစ်မဲ့ လက်နက်မဲ့ အရပ်သားပြည်သူများတို့အား တက်စွမ်းသရွေ့ အကာအကွယ်ပေးမှုများ ဆထက်ထမ်းပိုး လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မဟာလူမျိုးကြီး ဝါဒ နှင့် အာဏာရှင်စနစ် အပြီးပိုင် ချုပ်ငြိမ်းရေး အတွက် တော်လှန်သူ အင်အားစုအားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Facebook

You May Also Like

သတင်း

အုပ်ချုပ်ရေးမှူးဟာ ခြေထောက်ထိမှန်ခဲ့ပြီး ရုံးစာရေးအမျိုးသမီးကတော့ ရင်ဘတ်မှန်ကာ သေဆုံးသွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။

သတင်း

အာဏာရှင်စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရွံရှာဖွယ် လုပ်ရပ်ကို ဖိနှိပ်ခံပြည်သူများ၏ သမိုင်းမှတ်ကျောက်အဖြစ် မှတ်တမ်းတင်ထားရန် KIO က တိုက်တွန်းသည်။

သတင်း

၁နာရီကျော်ကြာမြင့်ခဲ့သည့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူအများအပြားရှိကြောင်း ဖော်ပြသည်။

သတင်း

အဆိုပါ ယာဉ်သည် နံနက်ပိုင်းက ပြည်သူ့ရဲဘော် များက စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့သည့်ကားဖြစ် ကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ် က လိုက်လံပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။