မန္တလေးမြို့၊ အမရပူရမြို့နယ် စစ်ကိုင်းတံတားထိပ် ရဲကင်းမှာ သေနတ် ၂လက် ပျောက်ဆုံးနေလို့ ရဲ ၃ ဦးကို စစ်တပ်က ခေါ်စစ်နေတယ်လို့နီးစပ်သူတွေထံကသိရပါတယ်။
ရဲကင်းက သေနတ်ပျောက်ဆုံးမှုဟာ အောက်တိုဘာလ ၁၈ ရက်ကတည်းက ဖြစ်ပွားတာပါ။
ရဲကင်းစခန်း မှာ သေတ္တာထဲ သော့ခတ်သိမ်းထားတဲ့ သေနတ် ၃ လက်အနက် ၂ လက် ပျောက်ဆုံးနေတာလို့ စုံစမ်းသိရပါတယ်။
” ဖြစ်ဖြစ်ချင်းကတော့ အကြောင်းမကြားသေးဘဲ ကြိတ်ရှာနေကြသေးတယ်၊တနေရာရာကျန်ခဲ့ကြတာလား ၊တကယ်ပဲပျောက်တာလားတော့ မသိဘူး ၊အခုတော့ ရဲကင်းစခန်းက တာဝန်ရှိသူ၃ဦးကို စစ်နေပြီ”လို့ ရဲကင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ရဲကင်းက ရဲ ၃ ဦးကို စစ်တပ်က ဖမ်းပြီး စစ်ကြောရေးလုပ်နေတယ်လို့လည်းသိရပါတယ်။
ဖမ်းခံရတဲ့ ရဲတွေရဲ့ အဆင့်ရာထူးကိုတော့မသိရသေးပါဘူး။
Photo – STR/AFP/GETTY
