ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။
ယနေ့ (အောက်တိုဘာ ၂၂ရက်) နံနက်မှ ညနေပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) တပ်များမှ လူခို့ ညောင်ချောင်းနှင့် ဆုံဆည်းမြိုင် တို့မှ (၁၂၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း၊ KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ(၂)တို့မှ ကျူးကျော်လာသော တပ်မ(၄၄) လက်အောက်ခံ အကြမ်းဖက်စစ်ကောင်စီ တပ် များအား ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ယနေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား လေးဦး သေဆုံးကြောင်း စစ်မြေပြင် သတင်းအတည်ပြုချက်ရရှိသည်ဟု ထုတ်ပြန်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိခဲ့ဟု အသိပေးထားသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ယခုညဦးပိုင်းအထိပစ်ခတ်နေဆဲဖြစ်ကြောင်းမြေပြင်မှတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
KNU တပ်မဟာ(၆)နယ်မြေတွင် ကော်ဘရာစစ် ကြောင်း ပါဝင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင် စီတို့ တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က အထိနာခဲ့ပြီး ဗျူဟာမှူးအဆင့် အရာရှိတစ်ဦးတိုက်ပွဲ၌သေဆုံးခဲ့သည်။ သေဆုံးခဲ့သော စစ်ကောင်စီတပ် တပ်မ၄၄ ဗျူဟာမှူး အလောင်းကို စစ်တိုင်းမှူးလာ၍အသုဘချစစ်အခမ်းအနားပြုလုပ်ခဲ့ကြောင်းလည်းသတင်းရရှိသည်။ထို့အပြင်
ဒဏ်ရာရ သူများကို သွားရောက်ကြည့်ရှုမည်ဟုစဥ်ထားသော်လည်းတိုက်ပွဲများပြင်းထန်တေသဖြင့် သွားမကြည့်ကြောင်းလည်း စစ်ကောင်စီတပ်နှင့်နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။
ကရင်ပြည်နယ်တွင်တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီဆေးရုံတွင် ဒဏ်ရာရစစ်သားများဖြင့်ပြည့်နေကြောင်းလည်းအထက်ပါသတင်းရင်းမြစ်ကပြောသည်။
