မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်း အိုးဘိုထောင်အနောက်ဘက်ခြမ်းမှာရှိတဲ့ နေအိမ် တွေကို စစ်ကောင်စီဟာ အင်အားသုံးပြီး ဖယ်ရှားနေပါတယ်။
နေအိမ်တွေကို မနေ့က မနက်ပိုင်းကစတင်ပြီး ချက်ချင်းရွှေ့ခိုင်းနေတာလို့ နေအိမ်ဖယ်ရှားခံရသူတစ်ဦးက ပြောပြပါတယ်။


“သတိပေးအကြောင်းကြားစာပို့တာမျိုးမလုပ်ဘဲ ချက်ချင်းဖျက်ခိုင်းတာ” လို့ နေအိမ်ဖယ်ရှားပေးရသူတစ်ဦးကပြောပါတယ်။
ဖယ်ရှားခိုင်းတဲ့အခါမှာစစ်ကောင်စီကပေးတဲ့အကြောင်းပြချက်ကတော့ လမ်းနဲ့မလွတ်လို့ ဖြစ်တယ်လို့သိရပါတယ်။
အခု ဖျက်ရတဲ့ နေအိမ်တွေဟာ ထောင်နဲ့ ပေ ၃၀ ကနေ ပေ ၅၀ အကွာမှာရှိတဲ့ အိမ်တွေပါဝင်တာကိုတွေ့ရပါတယ်။
