တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီစစ် ဆေးရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ် သားတစ်ဦးသေဆုံးကြောင်း မြိတ်ခရိုင်တပ်ရင်း (၁)က ယနေ့(အောက်တိုဘာ ၂၁ရက်).ထုတ်ပြန်သည်။
ပုလောမြို့နယ်၊ တိုကျေးရွာတွင် စစ်ဆးရေးဂိတ် ချကာ ပြည်သူ့လူထုကို အတင်းအကြပ် ဆက်ကြေးကောက်နေ၍ အောက်တိုဘာ ၂၀ရက် ညနေ ၆နာရီက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် နှစ်ဖက်အပြန်အလှည်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက် မှ တစ်ဦးသေဆုံးခဲ့သည်ဟုလည်း တပ်ရင်းကဆိုသည်။ အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိကြောင်းလည်း ဆိုထားသည်။
“မိုင်းဆွဲပြီး အပြန်အလှန်ပစ်ကြတဲ့အချိန် လက်နက်ကြီးတွေ သုံးလာလို့ ပြန်ဆုတ်လာကြတာ။ တွေဘက်က အထိအခိုက်မရှိပါဘူး”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၁)နှင့် တောကြီးမြွေဟောက်အဖွဲ့(ပကဖ)တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
