စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် ရဲစခန်းဝင်းအတွင်း အရက်သောက်နေသော ရဲအုပ်စုနှင့် အထက်တန်း ကျောင်းတပ်စွဲထားသော စစ်ကောင် စီတပ်သားများအား လျက်ဆားပုလင်းမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြင်းခြံခရိုင် တပ်ရင်း(၇ )၏ တပ်ရင်းမှူး ကိုသက်ကြီးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် တပ်ရင်း (၇)၏ Zero ပြောက်ကျားတပ်ဖွဲ့နှင့် True Fighter အဖွဲတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ (အောက်တိုဘာလ ၂ဝ ရက်) ည ၇နာရီခန့်က မြင်းမူမြို့နယ် ရဲစခန်းတွင် ဝိုင်းဖွဲ့ပြီးအရက်သောက် နေသည့် ရဲများအား လျက်ဆားပုလင်းမိုင်းဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ ရဲ သုံးဦးသေဆုံးကြောင်း မြင်းခြံခရိုင် တပ်ရင်း(၇ )၏ တပ်ရင်းမှူး ကိုသက်ကြီးက ပြောသည်။
ယနေ့ (အောက်တိုဘာ၂၁ ရက်)နံနက် ၅ နာရီ ၁၁ မိနစ်အချိန်ကလည်း မြင်းမူအထက်တန်းကျောင်း ၌ တပ်စွဲထားသော စစ်ကောင်စီတပ်၏ ကင်းစောင့်နေသော စစ်ကောင်စီတပ်များကို လျက်ဆားပုလင်းမိုင်းဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးသည်ဟု သိရကြောင်း တပ်ရင်းမှူး ကိုသက်ကြီးက ပြောသည်။
“ကလေးတွေကလည်း ပစ်ပြီးတော့ ပြေးလာရတော့ ဘာမှစုံစမ်းလို့မရဘူး။ ဒီနေ့မနက်ကျမှ ထိခိုက်မှုတွေစုံစမ်းတော့ မစ်ရှင်နှစ်ခုပေါင်း ၇ ကောင်ရလိုက်တယ်။ ရဲစခန်းထဲမှာ နာရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ သိရတယ်။”ဟု တပ်ရင်း (၇) တပ်ရင်းမှူးက ပြောသည်။
မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်အား ပြောက် ကျားတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ယမန်နေ့ (အောက်တိုဘာ၂၀ရက်) ည ၇နာရီခွဲခန့်ကလည်း မြင်းမူမြို့ရှောင်လမ်း၌ စစ်ကိုင်းတပ်မ(၃၃)မှ မုံရွာသို့သွားသော စစ်ကား သုံးစီးအနက် နှစ်စီးမြောက်ကို ပဒေသာမိုင်း(၅)လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း PAFDက အသိပေးထားသည်။
