Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့နယ်ရှိ ရဲစခန်းတိုက်ခိုက်ပြီး ပြန်လာသည့် MSROတပ် လမ်း၌တိုက်ပွဲထပ်ဖြစ်၍ အဖွဲ့တာဝန်ခံ ကိုသီဟနေစိုး ကျဆုံး

စစ်ကောင်စီတပ်ဘက်ကလည်း သုံးဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းရရှိထားသည်ဟု MSRO အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုး)
(ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုး)

▪️ရန်သူကို ပြိုင်တူတော်လှန်ကြရန် MSRO၏ မဟာမိတ်တပ် ရေးဘီလူးအဖွဲ့ခေါင်းဆောင်ပြော

မွန်ပြည်နယ် ရေးမြို့နှင့် မိုင်အနည်းငယ်အကွာရှိ ဇီးဖြူသောင်ရွာ နယ်မြေရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့သည့် မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့(MSRO)တပ်ဖွဲ့မှ တာဝန်ခံ ကိုသီဟနေစိုးသည် အပြန်လမ်းတွင် စစ်ကောင်စီနှင့် တိုက်ပွဲထပ်မံဖြစ်ပွားစဉ် ကျဆုံးခဲ့သည်ဟု MSROက အသိပေးထုတ်ပြန်သည်။

အောက်တိုဘာ ၁၇ရက် နေ့လည် ၁နာရီခွဲတွင် မွန်ပြည်နယ် ရေးမြို့ အနောက်ဘက် (၇)မိုင် အကွာရှိ ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းအား တိုက်ခိုက်မှုအပြီး ပြန်လည်ဆုတ်ခွာစဉ် ညနေ ၄နာရီခွဲတွင် MSROနှင့် စစ်ကောင်စီတပ်များ ရေးမြို့အနောက်မြောက်ဘက် (၇)မိုင်ခန့်အကွာရှိ ပလိုင်ကီးရွာအနီး တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲငယ်တွင် MSROမှ တာဝန်ခံ ရဲဘော် ကိုသီဟနေစိုး (ခ)တိုဘီ(ခ) ကိုအဂ္ဂ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

(ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုး)
(ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုး)

စစ်ကောင်စီတပ်ဘက်ကလည်း သုံးဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းရရှိထားသည်ဟု MSRO အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

MSROသည် ရေးမြို့နယ်၌ အခြေပြုလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ဒေသတွင်းရှိ ရေးဘီလူးအဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားသည်။

MSRO အဖွဲ့တာဝန်ခံ ကျဆုံးမှုနှင့်ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “အတူတောခိုတယ်။ အတူ နေထိုင်ဖို့ အဆောက်အအုံတွေဆောက်တယ်။ အတူသင်တန်းတက်တယ်။ အတူစုဖွဲ့မှုတွေတည်ဆောက်ကြတယ်။ အမှားအမှန်အတူလမ်းပြပေးခဲ့ကြတယ်။ အတူမဟာမိတ်ဖွဲ့ခဲ့ကြတယ်။ ဒီနိုင်ငံတော်ကြီးအတွက် အတူ ချွေးတွေ ထွက်ခဲ့ကြတယ်။ ခုတော့ ညီက အရင်ထွက်သွားလိုက်တာ စောလွန်းတယ်။ စိတ်ချ ငါ့ညီ။ ညီမြင်ချင်တဲ့ ဒီမိုကရေစီ လမ်းစဉ်ကို ရအောင်ယူပေးမယ် ကတိပေးတယ်” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

(ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုး)
(ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုး)

ရဲစခန်းတိုက်ခိုက်ပြီး အပြန်တွင် ကျဆုံးခဲ့သည့် MSRO တပ်မှ တာဝန်ခံ ကိုသီဟနေစိုးက ၎င်းတို့ ပိတ်မိနေကြောင်းကို အောက်တိုဘာ ၁၇ရက် မွန်းလွဲ ၃နာရီ ၄၀တွင် ရေးဘီလူးအဖွဲ့ထံ အသိပေးခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုသည်။

“ဒီတစ်နေ့တည်း တို့ အားလုံး ဝမ်းနည်းပြီးရင် ပြိုင်တူ တော်လှန်ရင် ဘယ်ရန်သူမှ မခံနိုင်ဘူး အမျိုးတို့။ နိုင်တဲ့ဘက်က တစ်ထောင့်တစ်နေရာက ပါဝင်ကြပါ။ အမျိုးတို့မှာ ထက်မြက်တဲ့အရာတွေ အများကြီးရှိတယ် လုပ်နိုင်စွမ်းတွေလည်းရှိကြတယ်။ ကျွန်တော်တို့ ယုံကြည်တယ်။ ဖိုက်တင်း တို့ဘယ်တော့မှ မရှုံးဘူး”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရေးမြို့ ပြည်သူလူထုကို အသိပေးထားသည်။

ကျဆုံးခဲ့သည့် MSROတာဝန်ခံ ကိုသီဟနေစိုးသည် ရေးမြို့နယ် NLDပါတီ လူငယ်တာဝန်ခံ တစ်ဦးဖြစ်သည်။ ထို့ပြင် ၎င်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီက လူထုကို သတ်ဖြတ်နှိပ်စက်မှုများ လုပ်ဆောင်ခဲ့၍ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သူများအနက်တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နေ့လည်တစ်နာရီခွဲအချိန်ကစပြီး ကျေးရွာကို မီးစရှို့ကာ ဘုန်းကြီးတစ်ပါးအပါအဝင် ကျေးရွာသားတချို့ကို ဖမ်းဆီးခဲ့သည်ဟု ကျိုက်ထိုနယ်မြေသတင်းများကိုဖော်ပြနေသည့် Kyaikhto Information Team က ရေသားထားသည်။

သတင်း

လက်ရှိမှာ KNLA ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုများ လှုပ်ရှားနေကြပြီး သတင်းကောင်းများလည်း ပြောခွင့်ရသည့်အချိန် ပြောပြမည်ဟု Justice Soldier -PDF က ပြောသည်။

သတင်း

ယနေ့(အောက်တိုဘာ ၁၉ ရက်) နံနက်ပိုင်းအထိ အောင်းကုန်းနှင့်အင်ပင်ရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီး လက်နက်ကြီးအချို့ဖြင့် ပစ်ခတ်မှုများပါရှိနေသည်ဟု သိရသည်။

သတင်း

စစ်ကောင်စီခေါင်းဆောင်အတွက် လုံခြုံရေးသွားယူပေးခဲ့သည့် စစ်တပ်နှင့်ရဲလုံခြုံရေးယာဉ်တန်းသည် ဘီးလင်းမြို့နယ်အတွင်း၌ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။