ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA နှင့် နဂါနီစစ်ကြောင်းတို့ယနေ့တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ခိုင်မာသတင်းရင်းမြစ်အချို့ထံမှကနဦးသတင်းရရှိသည်။
ကြာအင်းဆိပ်ကြီးရှိ ခလရ (၃၂) စခန်း တစ်ခုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိနဂါးနီစစ်ကြောင်းတို့က နှစ်ရက်ဆက်တိုက်ခိုက်ကာသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“စကစဘက်ကသေဆုံး၊ဖမ်းခံရသူများရှိ၊လက်နက်များလည်းရ၊ရှင်းလင်းဆဲဖြစ်၍အတိအကျမသိရသေး” ဟု သတင်းရင်းမြစ်တစ်ဦးက ယနေ့နေ့ခင်းပိုင်းအခြေအနေကိုသည်။
တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်အပြီးအသေးစိတ်အချက်အလက်များ ရရှိနိုင်ရန်People’s Spring က KNUနှင့် နဂါးနီ စစ်ကြောင်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်နေဆဲဖြစ်သည်။မကြခင်တွင်သတင်းအပြည့်အစုံထုတ်ပြန်မည်ဖြစ်ကြောင်းလည်းသိရသည်။

အောက်တိုဘာ ၁၅ ရက်ညတွင် စစ်ကောင်စီစခန်းအားစတင်တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုများကာ ၊ယနေ့နံနက်ထပ်မံတိုက်ခိုက်၍ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းအထက်ပါသတင်းရင်းမြစ်ကပြောသည်။ စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရသူနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူများရှိပြီးလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိကြောင်းလည်းသိရသည်။
ယခု စခန်းသိမ်းတိုက်ခိုက်ရာဒေသသည် KNLA တပ်ရင်း (၁၇)နယ်မြေဖြစ်သည်။
ပြီးခဲ့သည့်အောက်တိုဘာ ၁၃ ရက်ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ခုတ်ခွားကျေးရွာ အနီးတွင်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်၏ စကခ(၁၃)လက်အောက်ခံ ခမရ (၄၃၂) ခန့်မှန်းအင်အား ၇၈ ယောက်အား နဂါးနီစစ်ကြောင်း နှင့် KNLAပူးပေါင်းတပ်ဖွဲ့များက မနက် ၁၀ နာရီ ၂၂ မိနစ် မှ ၁၀နာရီ ၄၀မိနစ် အထိ လိုက်လံပိတ်ဆို့တိုက်ခိုက်ရာစစ်သား ၁ဦး သေဆုံး၍ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း နဂါးနီစစ်ကြောင်းကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်းတပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းအချို့ကို KNLA ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများလည်းရရှိခဲ့သည်။
(သတင်းအပြည့်အစုံကိုဆက်လက်ဖော်ပြပါမည်)
