ခိုးမှုနဲ့ဖမ်းခံရပြီး ပြန်လွတ်လာတဲ့ ပျုစောထီးအဖွဲ့ခေါင်းဆောင် ဆိုသူကို စစ်ကောင်စီဟာ မန္တလေး ၊ပြည်ကြီးတံခွန် မြို့နယ် ၊ကံကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ခန့် လိုက်တယ်လို့ ဒေသခံအချို့က ပြောပြပါတယ်။
အခုလ အောက်တိုဘာလဆန်းပိုင်းကတင် ကားခိုးမှု နဲ့အဖမ်းခံရလိုက်ပေမယ့် ပြန်လွတ်လာပြီး အုပ်ချုပ်ရေးမှူးဖြစ်လာတာလို့ သိရပါတယ်။
ဖမ်းခံရချိန်က စစ်ကောင်စီခန့် ယခင် အုပ်ချုပ်ရေးမှူးနဲ့အတူ ဖမ်းခံတာဖြစ်ပေမယ့် ဖိုးတုတ် ခေါ် တင်မျိုးဝင်း သာ ပြန်လွတ်လာကာ အုပ်ချုပ်ရေးမှူး လုပ်နေတာဒေသခံအချို့ကပြောပါတယ်။
ပျုစောထီး ဖိုးတုတ်အုပ်ချုပ်ရေးမှူးဖြစ်လာပြီးနောက် ရပ်ကွက်အတွင်း နေထိုင်သူတွေအနေနဲ့ အိမ်မှာနေထိုင်တဲ့ လူစာရင်း နဲ့ သန်းခေါင်စာရင်းတိုက်စစ်ဖို့အတွက် ရပ်ကွက်ရုံးကိုခေါ်ယူတာတွေ လုပ်လာတယ်လို့သိရပါတယ်။
လူမှုကွန်ရက်မှာ တက်လာတဲ့ ပုံတစ်ပုံမှာတော့ အုပ်ချုပ်ရေးမှူး ဖိုးတုတ်ဟာ ပစ္စတိုသေနတ်ကိုင်ထားတာတွေ့ရပါတယ်။
